ပြည်မတ်ပဲနှင့် ပဲစင်းငုံသီးနှံ ဈေးပြိုင်ရလျက်အရောင်းအဝယ်ဖြစ်

Wed, 10/05/2022 - 04:00 -- comsumer

          ယခုအပတ် ပြည်ပဲမျိုးစုံဈေးကွက်တွင်  ပြည်ပဝယ်လက်နှင့် ပြည်တွင်းတွင် အဓိကဝယ်ယူ လျှက်ရှိသော ပဲများထဲတွင် မတ်ပဲသီးနှံနှင့် ပဲစင်းငုံသီးနှံမှာ ဈေးပြိုင်နီးပါးရရှိခဲ့ပြီး မတ်ပဲသီးနှံ ပိဿာ(၂၀)တစ်တင်း ၆၅၂၀၀ကျပ် နှင့် ပဲစင်းငုံသီးနှံ ပိဿာ(၂၀)တစ်တင်းလျှင် ၆၅၀၀၀ကျပ် တို့ဖြင့် အသီးသီးရောင်းဝယ်နေခဲ့ကြပါသည်။ ပဲအဝင်နည်းသော်လည်း လက်ကျန်ပဲများရှိသည့်အတွက် ဝယ်လိုအားပေါ်မူတည်၍ တစ်ရက်လျှင်အိတ် ၂၀၀/၃၀၀ကျော်အထိ ရန်ကုန်ဝယ်လက်သမားများ ဝယ်ယူနေခဲ့ကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် မတ်ပဲသီးနှံဈေးမှာ ယခုကာလ တစ်တင်း ၅၀၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည့်အတွက် ယခုနှစ် တစ်တင်းကျပ် ၁သောင်းကျော် ၂သောင်း နီးပါးထိမြင့်တက်လာသလို ပဲစင်းငုံသီးနှံအနေဖြင့် ယခင်နှစ်က တစ်တင်း ၄၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကာ ယခုနှစ်မှာတော့ တစ်တင်းကျပ် ၂သောင်းကျော်ခန့် မြင့်တက်လာသလို ပဲစင်းငုံ လှောင်လက်သမားများ အကျိုးအမြတ်ရရှိခဲ့သော နှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Local Trade News

Pages