ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဈေးတက်လျက်ရှိ

Tue, 08/30/2022 - 12:06 -- admin_ygn

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် သြဂုတ်လ ပထမပတ်မှစ၍  ပဲဈေးများ မြင့်တက် လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ်ပဲနှင့် စားတော်ပဲများ ရောင်းဝယ်လျက်ရှိသည်။ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ  ပိဿာ ၂၀ ဝင် တစ်တင်းကို  ကျပ် ၅၄၅၀ဝ-၅၅၀ဝ၀ ဖြင့် တစ်ရက်ကို ၁၅၀၊ ၂၀ဝ ခန့် အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်သို့တင်ပို့မှုရှိခဲ့သည်။ ပြည်ကုန်စည်ဒိုင် တွင် သြဂုတ်လ ဒုတိယပတ်၌ မတ်ပဲဈေးတက်လာခဲ့ပြီး တစ်တင်းကို  ကျပ် ၅၈၅၀ဝ-၅၉၀ဝ၀-၅၉၅၀ဝ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။သြဂုတ်လပထမပတ်တွင် ပဲစင်းငုံ တစ်တင်းကို ကျပ် ၄၉၅၀ဝ-၅၀ဝ၀ဝ-၅၀၅၀ဝ ဒုတိယ ပတ်တွင်  ပဲတစ်တင်းကို ကျပ် ၅၈၀ဝ၀ -၅၈၅၀ဝ-၅၉၀ဝ၀ ဖြင့် တစ်ရက်ကို အိတ် ၂၅၀/၃၀ဝခန့် ရန်ကုန်သို့ တင်ပို့လျက်ရှိသည်။သြဂုတ်လ ပထမပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ကျပ် ၅၃၀ဝ၀ ၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ကျပ် ၅၃၀ဝ၀ဖြင့်  မြို့တွင်းခွဲစက်သမားများ ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး တစ်ရက် ကို အိတ် ၃၀ဝ၊ ၄၀ဝ ခန့် အဝယ်ရှိခဲ့သည်။ သြဂုတ်လဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်း ကို ကျပ် ၅၅၀ဝ၀ ၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ကျပ် ၅၅၀ဝ၀ဖြင့် မြို့တွင်း ခွဲစက် သမားများနှင့် တစ်ခါတစ်ရ ံနယ်စုံတင်ပို့မှုရှိခဲ့ပြီး တစ်ရက်ကို အိတ် ၃၀ဝ ခန့် အဝယ်ရှိသည်။

သြဂုတ်လ ပထမပတ်တွင်  ပဲကြီး(ကမ်းနား)တစ်တင်းကို ကျပ်  ၆၇၀ဝ၀၊ ၆၈၀ဝ၀၊ ၇၀ဝ၀ဝ ဖြင့် တစ်ရက်ကို အိတ် ၃၀ဝ၊ ၄၀ဝ ခန့် ပဲကြော်သမားများ မြို့တွင်းအဝယ်ရှိခဲ့သည်။ သြဂုတ်လ ဒုတိယပတ်တွင် ပဲကြီး(ကမ်းနား) တစ်တင်းကို ကျပ် ၆၉၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။သြဂုတ်လ ပထမပတ်တွင် ဗိုလ်ကိတ်ပဲ တစ်တင်းကို  ကျပ် ၃၆၅၀ဝ ဈေးဖြင့် မြို့တွင်းအဝယ် နှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် ဗိုလ်ကိတ်ပဲဈေးတက်လာပြီး တစ်တင်းကို ကျပ် ၃၇၀ဝ၀-၃၈၀ဝ၀ ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို  အိတ် ၅၀၊ ၁၀ဝခန့်ရှိသည်။သြဂုတ်လ ပထမပတ်တွင် စားတော်ပဲ(ကျွန်း) တစ်တင်းကို ကျပ် ၉၈၀ဝ၀-၁၀ဝ၀ဝ၀ ဖြင့် မြို့တွင်းအဝယ် ၃၀၊ ၄၀ ခန့် ရှိခဲ့သည်။ ဒုတိယပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို  ကျပ် ၁၀ဝ၀ဝ၀ ဖြင့် မြို့တွင်းအဝယ်ရှိခဲ့သည်။

မိမိအေး (ပြည်)

Local Trade News

Pages