နမ့်စန်မြို့မှ စီးပွားဖြစ် နာနတ်သီး

Tue, 08/30/2022 - 11:09 -- admin_ygn

ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင် နမ့်စန်မြို့နယ် အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာနှင့် လွယ်ဆိုင်ရွာတို့တွင် နာနတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ကျန်သောရွာများ တွင်လည်း အနည်းငယ် စိုက်ပျိုးကြသည်။ နာနတ်သီးအား အပင်အသစ်စိုက်ပျိုးပါက သုံးနှစ်မှ စတင်အသီးသီးပြီး သုံးနှစ် အသီးထွက်ရှိသည်။  အသီးအထွက်  သုံးနှစ်ပြည့်အခင်းမှ အပင်များ တူးထုတ်ပြီး အခင်းအသစ် ပြန်လည်စိုက်ပျိုးသည်။ တောင်သူများအနေဖြင့် နာနတ်စိုက်ခင်းအား မိမိစိုက်မြေပေါ် ကိုမူတည်၍ နှစ်ခင်း၊ သုံးခင်းအားစိုက်ချိန်ခွာ၍ စိုက်ပျိုးကြ သည့်အတွက်ကြောင့် နှစ်စဉ်ဝင်ငွေရရှိသည်။

နာနတ်သီးသည် ဇူလိုင်လတွင် စတင်ထွက်ရှိ၍ စက်တင် ဘာလအထိ ထွက်ရှိသည်။ နာနတ်သီးထွက်ချိန်တွင် တောင်သူ များသည် နမ့်စန်၊ လွိုင်လင်၊ ပင်လုံ၊ မိုးနဲမြို့များသို့ တောင်သူ များကိုယ်တိုင် လာရောက်ရောင်းချလျက်ရှိပြီး တောင်သူများ ထံမှတစ်ဆင့် ဝယ်ယူကာ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချ ကြောင်း သိရှိရသည်။ လွိုင်လင်မြို့ နာရီစင်အနီးတစ်ဝိုက်နှင့် ဈေးအနောက် လမ်းဘေးတစ်ဝိုက်တွင် ထော်လာဂျီ၊ ကားများ ဖြင့်လည်းကောင်း လာရောက်ရောင်းချလျက်ရှိပြီး ပင်လုံမြို့ရှိ  ရွှေတိဂုံစေတီရှေ့ လမ်းမဘေးတွင်လည်း လာရောက်ရောင်းချ လျက်ရှိသည်။

နာနတ်သီးအား အသေး၊ အလတ်၊ အကြီးဟူ၍ သုံးမျိုး ခွဲ ရောင်းချ ကြသည်။ အသေးတစ်လုံး၏ ယခုပေါက်ဈေးသည် ကျပ် ၁၀ဝ ဖြစ်ပြီး အလတ်တစ်လုံး၏ ပေါက်ဈေးသည်  ကျပ် ၂၅၀ နှင့် အလုံးကြီးတစ်လုံးလျှင် ကျပ် ၈၀ဝ ဈေးရှိသည်။ မက်မွန်းရွာ၊ တွံ့တီးရွာတို့မှ ထွက်ရှိသော နာနတ်သီးများကို ပွဲစားများက ခြံအထိ လာရောက်ဝယ်ယူကြပြီး တွဲကားများဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချ ကြသည်။                         သော်သော်ဇင်  (DOCA Loilem)

Local Trade News

Pages