ထန်းမြစ်လှိုင်လှိုင်ပေါ်ပြီး ဈေးကောင်းရနေ

Mon, 01/10/2022 - 08:00 -- admin_ygn

အညာဒေသ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ် တို့မှထွက်ရှိသော ထန်းမြစ်များ စတင်ပေါ်လာပြီဖြစ်ရာဈေး ကောင်းရနေကြောင်းထန်းမြစ်ရောင်းဝယ်သူများထံမှ သိရ သည်။ ''ယခုလထဲမှာ ထန်းမြစ်လှိုင်လှိုင်ပေါ်တဲ့လ ဖြစ်ပါ တယ်။ ကျေးရွာအချို့မှာ မြေပဲနုတ်သိမ်းနေကြတဲ့ အလုပ်ရှုပ်နေပြီး ထန်းမြစ်ဖော်ပြီး ရောင်းချတာမျိုး မရှိသေး ပါဘူး။ ဒါကြောင့် ထန်းမြစ်လှိုင်လှိုင်မပေါ်သေးဘူး''ဟု ချောက်မြို့နယ်မှ ထန်း မြစ်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြော သည်။အညာဒေသတွင် ထန်းပင်မှထန်းသီးမှည့်ကို မြေကြီး အကျယ် ခုနစ်ပေပတ်လည်တူး၍ ထည့်ထားကာ မြေကြီး၊ သဲမြေအုပ်၍   ထန်းမြစ်အဖြစ်  ရောင်းချရသောကြောင့် ထန်းပင်ပိုင်ရှင်များ ဝင်ငွေရကြကြောင်း သိရသည်။ရေနံ ချောင်းဈေးကွက်တွင် ထန်းမြစ်အကြီး တစ်စည်း လျှင် ငွေကျပ် ၁၅၀ဝ၊ ထန်းမြစ် အသေးတစ်စည်းလျှင် ငွေ ကျပ် ၈၀ဝ ဖြင့် ရောင်းချရပြီး ယခင်နှစ်က ထန်းမြစ်တစ်စည်း လျှင် ငွေကျပ် ၁၀ဝ၀ ကနေ ကျပ် ၇၀ဝ အတွင်း ရောင်းချခဲ့ သောကြောင့် ဈေးကောင်းရနေကြောင်း သိရသည်။အညာဒေသထွက်  ထန်းမြစ်ကို ရခိုင်ပြည် နယ်နှင့်ရန်ကုန်၊  နေပြည်တော်အထိ ဈေးကွက်ဝင်ကြောင်း  သိရ သည်။ ထန်းပင်ကနေ ထန်းလျက်၊ ထန်းရွက်သက်ငယ်၊ ထန်းလျှော်၊ ထန်းလက်ပရိဘောဂ(ကုလားထိုင်၊ စားပွဲ၊ ထန်းသား ခြမ်း)အဖြစ် အသုံးပြုနေကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)

Local Trade News

Pages