တောင်ငူဈေးကွက်အတွင်းသို့ ဦးဦးဖျားဖျား

Fri, 05/20/2022 - 07:20 -- admin_ygn

ဝင်ရောက်လာသော လိုင်ချီးသီးများတောင်ငူမြို့နယ်၏ အရှေ့ဘက်မိုင်၂၀ခန့်ကွာဝေးသော ကရင်ပြည်နယ် လိပ်သိုဒေသရှိကျောက်ဗျားကျေးရွာမှ ထွက်ရှိ သော လိုင်ချီးသီးများသည် လိပ်သိုဒေသအတွင်း၌ ရောင်းချပါကအလုံး ၁၀ဝ ပါတစ်ထုပ်လျှင် ကျပ် ၂၄၀ဝ မှ ကျပ် ၂၅၀ဝ အထိရောင်းချရပြီး  တောင်ငူမြို့ရှိလိုင်ချီးသီးအဝယ်ဒိုင်များသို့ရောင်းချမည်ဆိုပါက ကျပ် ၃၀ဝ၀ ရရှိ၍အဝယ်ဒိုင်မှတစ်ဆင့်လက်ကားဈေး ကျပ် ၃၅၀ဝ ဖြင့် ဖြန့်ဖြူးရောင်းချနေပြီး လက်လီဈေးအနေဖြင့် လိုင်ချီးသီးတစ်ထုပ်လျှင် ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အထိ အသီးအရွယ်အစားပေါ်မူတည်၍ရောင်းချနေကြောင်း သိရှိရသည်။                                      

 ကျော်ကျော် (တောင်ငူ)

Local Trade News

Pages