တစ်ပတ်အတွင်း ငရုတ်ဈေးနှုန်း

Wed, 02/02/2022 - 09:01 -- admin_ygn

ဘုရင့်နောင်ကုန်စည်ဒိုင်၌ ဇန်နဝါရီ ၁၄ရက်မှ ၂၇ရက်  အတွင်း ဖြစ်ပေါ်ခဲ့သော ငရုတ်သီးဈေးနှုန်းများမှာ ရှမ်းသစ် ငရုတ်ရှည် ကျပ် ၄၁၀ဝ၊ ရှမ်းသစ် (မိုးထောင်) ကျပ် ၄၃၀ဝ၊ ပန်းရဲ (ဗဃ) ငရုတ်ရှည် ကျပ် ၅၅၀ဝ၊ သဲတော (မိုးထောင်) သစ် ကျပ် ၄၃၀ဝ၊ သာစည် (မိုးထောင်) သစ် ကျပ် ၄၃၀ဝ၊ ဆင်ဖြူကျွန်း (ပု) ဟောင်း ကျပ် ၄၅၀ဝ၊  ဆင်ဖြူကျွန်း (ပု) သစ်ကျပ် ၇၈၀ဝ၊ ဆင်ဖြူကျွန်း (ဗဃ) ပု  ကျပ် ၇၈၀ဝ နှင့် သာစည်ပု (သစ်) ကျပ် ၆၅၀ဝ အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း ရှမ်းသစ် ငရုတ်ရှည် ကျပ် ၂၀ဝ၊ ရှမ်းသစ် (မိုး ထောင်) ကျပ် ၁၀ဝ၊ ပန်းရဲ (ဗဃ) ငရုတ်ရှည် ကျပ် ၇၀ဝ၊ သဲတော (မိုးထောင်) သစ် ကျပ် ၃၀ဝ၊ သာစည် (မိုးထောင်) သစ် ကျပ် ၃၀ဝ ဈေးကျဆင်းခဲ့ပြီး ဆင်ဖြူကျွန်း(ပု)သစ်  ကျပ် ၂၀ဝ၊ ဆင်ဖြူကျွန်း (ဗဃ) ပု ကျပ် ၂၀ဝ နှင့် သာစည်ပု (သစ်) ကျပ် ၃၀ဝ ဈေးမြင့်တက်ခဲ့သည်။ တစ်ပတ်အတွင်း  ငရုတ်သီးရှည် ၁၂၈၀ဝ အိတ်(၂၅၆၀ဝ၀ ပိဿာ)နှင့် ငရုတ်သီးပု ၁၅၇၀ အိတ် (၂၃၅၅၀ ပိဿာ) အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရ သည်။
စန်းစန်းမော် (မြှင့်တင်/ပြည်တွင်း၊ ရန်ကုန်)

Local Trade News

Pages