ဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Fri, 06/10/2022 - 08:12 -- admin_ygn

 ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ မြို့နယ်တာဝန်ခံဦးတင်စိန်သည် မေ ၂၀ ရက် ညနေ ၃နာရီတွင်ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိညာပေးဟောပြောခဲ့သည်။အဆိုပါအခမ်းအနားတွင်မြို့နယ် တာဝန်ခံကစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မြန်မာ့အလင်း ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဖော်ပြချက်တွင် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင်  မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊အဆင့်မြင့်စားအုန်းဆီစသည့်ဖြင့် အမျိုးအမည်ကိုတိကျစွာမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ကုန်စည်၏အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သောပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည့် ဖြစ်ကြောင်းနှင့်လုပ်ငန်းရှင်များအနေဖြင့် စားဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် စားသုံးသူပြည်သူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မေ ၁ရက်မှစတင်ပြီး  ဆီကန်မှထုတ်ယူသော စားဆီများအား  Food Grade  အဆင့်ရှိ အဝါရောင်ပေပါအသစ် သို့မဟုတ် သန့်စင်ပြီးပေပါအဟောင်း၊ စားသုံး ဆီ သီးသန့် သယ် ဆောင်သော ဘောက်ဆာယာဉ် များအသုံးပြုရန်နှင့်ကိုက်ညီမှုမရှိသည့်ပေပါများ၊ဘောက်ဆာယာဉ်များအတွင်းသို့ ဆီဖြည့်သွင်းပေးမည်မဟုတ်ကြောင်း၊ဈေးကွက်အတွင်း ဖြန့်ဖြူးရာ၌  ဓာတုဗေဒပစ္စည်းများ ထည့်သွင်း အသုံးပြုထားသည့်ပုံးများ၊ပေပါများတွင် စားအုန်းဆီများ ထည့်သွင်းသုံးစွဲ ခြင်းမပြုဖို့လိုကြောင်း၊ဌာနအနေဖြင့် ပြည်ပ မှတင်သွင်းလာသည့်  စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများကျန်းမာ ရေးနှင့်ညီညွတ်ပြီးဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့်ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ပြည်ပမှ စားသုံးဆီများ တင်သွင် ခြင်း၊ သို လှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း လုပ်ငန်းရှင်များအနေဖြင့်ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ကြရန်နှင့်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်း  ဌာနကကွင်းဆင်း စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း အသိပေးပြောကြား ခဲ့ ပါသည်။မေ ၂၄ ရက်ကစားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးတို့ကလည်း မွန်းလွဲ ၁ နာရီကမြောင်းမြမြို့စားသုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးနေသောစားသုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

တင်စိန်(ကျိုက်လတ်)
စိုးဝင်း ၊(မြောင်းမြ)
 

Local Trade News

Pages