ကြက်သွန်နီ စိုက်ပျိုးမှုများသော ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပိုင်၊ ကံတွင်း၊ လိပ်ခြံ၊ ဂွေးပင် ကျေးရွာများနှင့် စလင်း၊ ပွင့်ဖြူမြို့များမှ ကြက်သွန်နီများ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူဈေးကွက်သို့ ဝင်ရောက်လာ၍ မေလ၊ နောက်ဆုံးပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းကာ ပိဿာချိန် ၂ သိန်း၊ တန်ချိန်အားဖြင့် ၃၂၆ တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းနှင့် ရန်ကုန်၊ ပြည်၊ ပုသိမ်နှင့် မြဝတီ၊ မော်လမြိုင်မြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA (မကွေး)