ဆိတ်မွေးမြူရေးနှင့် ဆိတ်အရှင်ဈေးကွက်

Thu, 07/14/2022 - 09:13 -- admin_ygn

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးကန်ကျေးရွာ ရှိ ဆိတ်မွေးမြူရေးလုပ်ငန်းများအား  ဆိတ် မွေးမြူထားရှိမှုနှင့်   ဈေးကွက်အခြေအနေ များအား သိရှိနိုင်ရန်အတွက် ကျောက်ဆည် ခရိုင်စားသုံးသူရေးရာဦးစီးဌာန  ဝန်ထမ်းများ က သွားရောက်လေ့လာခဲ့သည်။လေ့လာ မှုအရဇီးကန်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် မွေးမြူခြင်းနှင့်စီးပွားဖြစ် ဆိတ်အကောင်ရေ ၅၀ နှင့် ၁၀ဝကြား မွေးမြူထားသည်ကိုတွေ့ရှိရသည်။ ဇီးကန် ကျေးရွာမှ  ဆိတ်ခြံပိုင်ရှင်တစ်ဦး၏ ပြော ကြားချက်များအရ   မြန်မာနိုင်ငံတွင် ဆိတ် အမျိုးအစား သုံးမျိုးရှိကြောင်း    သိရှိရပြီး ပထမတစ်မျိုး အနေ ဖြင့် ထိန်စမ်းမျိုးဖြစ် ကြောင်း၊ ထိန်စမ်းမျိုးကိုများသောအားဖြင့် ပုပ္ပား၊ ချောက်၊ နတ်မောက်နှင့်  မြိုင်မြို့နယ်များတွင်အများဆုံးမွေးမြူထားကြောင်း၊ ထိန်စမ်းဆိတ်၏ ကိုယ်အလေးချိန်မှာ ဆိတ် ထီးတစ်ကောင်လျှင်   ၅၀ ကီလို  ၃၇ ပိဿာ ဖြစ်ပြီး ဆိတ်မတစ်ကောင်လျှင်  ၂၉ ကီလို  ၂၀ ပိဿာရှိ ကြောင်း သိရှိရသည်။ ဒုတိယဆိတ်မျိုးအနေဖြင့်   ဂျိတ်နီမျိုးဖြစ်ပြီး ၎င်း မျိုးမှာ အရွယ်အစားကြီးမားပြီး နီညိုရောင်၊ အုန်းခွံ‌ရောင်၊  မန်ကျည်းစေ့ရောင်များဖြစ် ကြောင်း၊ ဂျိတ်နီဆိတ်၏ကိုယ်အလေးချိန်မှာ ဆိတ်ထီးတစ်ကောင်လျှင်     ၅၀ ကီလို ၃၇ ပိဿာဖြစ်ပြီး  ဆိတ်မ   တစ်ကောင်လျှင် ၄၂ ကီလို ၂၉ပိဿာရှိ ကြောင်း၊ ယခုအခါ ဂျိတ်နီ ဆိတ်မျိုးများကို ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ် သား၊ တံတားဦးမြို့နယ်များတွင်  အများဆုံး မွေးမြူလာသည်ကို   တွေ့ရှိရကြောင်း သိရှိ ရသည်။တတိယဆိတ်မျိုးမှာ ဝေသာလီ ဆိတ် မျိုးဖြစ်ပြီး ဝေသာလီ ဆိတ်မျိုးမှာ ခန္ဓာကိုယ် သွယ်လျပြီး    ဆိတ်၏အ‌ရောင်အသွေးမှာ အညိုရောင်၊အနက်ရောင်ဆက်နွှယ်နေ သည်ကို တွေ့ရှိရ သည်။ ‌ဝေသာလီဆိတ်များ ၏ ကိုယ်အလေးချိန်မှာ ဆိတ်ထီးတစ်ကောင် လျှင် ၃၈ ကီလို  ၂၄ ပိဿာဖြစ်ပြီးဆိတ်မ တစ်ကောင်လျှင်၃၁ ကီလို ၁၉ ပိဿာရှိ ကြောင်း၊ ဝေသာလီဆိတ်များကို   မကွေး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်မြို့နယ်များတွင် အများဆုံးမွေးမြူကြသည်ဟုသိရှိရသည်ယခုအခါ ဆိတ်ဈေးကွက်အနေဖြင့် အရွယ်ရောက်ပြီး ဆိတ်ထီးတစ်ကောင်လျှင် ကျပ် ၁၃၀ဝ၀ဝ-၁၅၀ဝ၀ဝ ၊ ဆိတ်မ မျိုးဝင်စ တစ်ကောင်လျှင်    ကျပ်  ၉၀ဝ၀ဝ-၁၀ဝ၀ဝ၀ ဝန်းကျင်အရောင်းအဝယ်ဖြစ်နေပြီး အကောင် အရွယ်အစားပေါ် မူတည်ပြီး ကျပ် ၂၀ဝ၀ဝ၀ ထိရရှိသည်။  နို့ခွဲခါစဆိတ်ပေါက်တစ်ကောင် လျှင် ကျပ် ၅၀ဝ၀ဝ-၆၀ဝ၀ဝအရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။   ဆိတ်မွေးမြူရေး လုပ်ငန်းမှာ  ဆိတ်မတစ်ကောင် တစ်နှစ်လျှင် နှစ်ကြိမ်  ပေါက်ဖွားသောကြောင့် အကျိုးအမြတ များများရရှိကြောင်း သိရသည်။
မျိုးမင်းသန်း(ကျောက်ဆည်)

 

Local Trade News

Pages