ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 08/30/2022 - 12:01 -- admin_ygn

ပြည်ပဆန်ဈေးကွက်ကိုလေ့လာကြည့်ပါက ၂၀၂၂ ခုနှစ်ဇူလိုင် ၂၅ ရက်တွင် International Rice Market Website ၌ ဖော်ပြချက်အရ ပါကစ္စတန်  ဆန်ဈေးနှုန်းများမှာ ဧည့်မထ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၈ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကိုသိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၄ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၁၀ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆ ဒေါ်လာ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၆ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၃ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association တွင် ဖော်ပြ ချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန် ဈေးနှုန်းများနှင့် ပါကစ္စတန်နိုင်ငံတို့တွင်  ကျဆင်းလျက်ရှိပြီး အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ် လျက်ရှိသည်ကို သိရှိရသည်။ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေ ဖြင့် အိန္ဒိယနိုင်ငံ၏ ဆန်စပါး အဓိကစိုက်ပျိုးသည့်ဒေသများတွင် ယခင်နှစ်က  စိုက်ဧကကို ယခုအချိန်အထိ မပြည့်မီဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်တွင်လည်း ရုတ်တရက် ရေဘေးသင့်ပြီး ဆန်စပါးများ ပျက်စီးသွားသောကြောင့် ယခုတစ် ပတ်တွင် အိန္ဒိယပို့ကုန်ဆန်ဈေးများ မြင့်တက်လာကြောင်း သိရှိရ သည်။ ဆန်ဝယ်လိုအားနည်းပြီး ယခုနှစ် မိုးစပါး စိုက်ဧက လျော့ နည်းလာသောကြောင့် ပို့ကုန်ဆန်ဈေးများ မြင့်တက်လာကြောင်း အိန္ဒိယဆန်ပို့ကုန်သမားတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးပြီးစီးသွားသည့် စပါး ဧရိယာ ဟက်တာ ၁၂ ဒသမ ၈၅ သန်းသာရှိပြီး  ယခင်နှစ်နှင့် ယှဉ်လျှင် ၁၇ ရာခိုင်နှုန်း လျော့ကျနေကြောင်း သိရှိရသည်။ ယခု တစ်ပတ်တွင် အိန္ဒိယဆန်ဈေးနှုန်း   မြင့်လာပြီး ဗီယက်နမ် ၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်အတိုင်း တည်ငြိမ်နေ ကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံတွင် တောင်သူများထံမှ စပါးအဝယ်ကို လျှော့ချပြီး အများအပြားပေါ်လာချိန်ကို စောင့် နေကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရသည်။လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၂ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၄၂၉၃၄၀ ဒသမ ဝ၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၉၂၄ သန်း၊ ဆန်ကွဲ တန်ချိန် ၂၆၅၂၄၇ ဒသမ ၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၆၂၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန် ချိန် ၆၉၄၅၈၇ ဒသမ ၄၀ဝ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၉ ဒသမ ၅၄၉ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၃၀၄၃၂၃ ဒသမ ၂၆၃ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၂၅ ဒသမ ၇၃၅ သန်း၊ ဆန်ကွဲတန်ချိန် ၂၅၈၃၂၇ ဒသမ ၉၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၂၆၉ သန်း၊ စုစုပေါင်း ဆန်နှင့်  ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၅၆၂၆၅၁ ဒသမ ၂၄၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  သန်းပေါင်း ၂၀၉ ဒသမ ဝ၀၄ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။     ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၅၀၁၆ ဒသမ ၇၈၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၈၉ သန်း ပိုမိုတင်ပို့ခဲ့ကြောင်း၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန် ချိန် ၆၉၁၉ ဒသမ ၃၇၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၆ သန်း ပိုမိုတင်ပို့ခဲ့သည်ကို သိရှိရသည်။        မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၂၇၇ ကျပ်နှုန်းရှိပြီး ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်အိတ်လျှင် ၃၁၈၅၅ ကျပ်မှ ၃၃၂၄၀ ကျပ် ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။

 

 

Local Trade News

Pages