စလင်းမြို့နယ်၊ ရှားတောကျေးရွာ၌ စားတော်ပဲစိုက် တောင်သူများ အကျိုးအမြတ်ရရှိ

Mon, 03/06/2023 - 04:35 -- comsumer

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ တောင်သူများအနေဖြင့် ယခင်နှစ်၌ စားတော်ပဲသီးနှံများ စိုက်ပျိုးခဲ့ရာ အထွက်နှုန်းလျော့နည်းခဲ့ပြီး အကျိုးအမြတ်ရရှိမှုနည်းပါးခဲ့ကြောင်း၊ ယခုနှစ်တွင် စားတော်ပဲသီးနှံများ စိုက်ပျိုးရာတွင် ဒေသမျိုးများကို စိုက်ပျိုးပြီး ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စားတော်ပဲကို နှစ်စဉ် နိုဝင်ဘာလတွင် စိုက်ပျိုးကြရာ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိူး(၁)တင်းခန့်ကုန်ကျပြီး ထွန်ယက်စိုက်ပျိုးခ၊ လုပ်သားခနှင့် သွင်းအားစုအပါအဝင် စုစုပေါင်း ကျပ်(၅)သိန်းကုန်ကျပါကြောင်း သိရသည်။ စိုက်ပျိုးပြီး(၃)လခန့်အကြာတွင် ရိတ်သိမ်းရပြီး ဈေးနှုန်းအနေဖြင့် သီးနှံပေါ်ချိန်၌ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)ခန့်ရရှိ၍ အထွက်နှုန်း အနေဖြင့် (၁)ဧကလျှင်(၁၀)တင်းထွက်ရှိကာ ဝင်ငွေ ကျပ်(၁၁)သိန်းရရှိပြီး ပျမ်းမျှအားဖြင့် အကျိုးအမြတ် ကျပ်(၆)သိန်းခန့်ရရှိပါကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ထွက်ရှိလာသောစားတော်ပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ရောင်းချကြပြီး ယခင်နှစ် စားတော်ပဲဈေးနှုန်းမှာ ကျပ်(၈၀၀၀၀)နှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုနှစ် စားတော်ပဲစိုက်ရာသီအချိန်တွင် အအေးဓာတ်ပိုမိုရရှိခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်းတို့အပြင် ပိုးမွှားကျရောက်မှုနည်းပါးခြင်း၊ မှိုရောဂါကျရောက်မှုနည်းပါးခြင်းတို့ကြောင့် အပင်အသေအပျောက် နည်းပါးကာ အထွက်နှုန်းကောင်းမွန်၍ ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိကာ စားတော်ပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

DOCA (မကွေး)

Local Trade News

Pages