စပျစ်စိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

Fri, 06/10/2022 - 07:49 -- admin_ygn

စားသုံးသူဈေးကွက်တွင်လူကြိုက်များလာသည့် စပျစ်စိုက်ပျိုး ခြင်းကို နတ်မောက်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက် မိသားစုဝင်ငွေရရှိနေကြောင်း သိရှိရသည်။ နတ်မောက်မြို့နှင့် နှစ်မိုင်ခန့်ဝေးကွားသည့် အနောက် လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလျက် ရှိ၍ နတ်မောက်မြို့ပေါ်သို့ဈေးကွက်တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။စပျစ်များကိုစတင်စိုက်ပျိုးလာသည်မှာ သုံးနှစ်ရှိပြီဖြစ်ကြောင်း၊စိုက်ပျိုးပြီးရှင်သန် ဖြစ်ထွန်းနေသောစပျစ်ပင်များကို ဇန်နဝါရီလတွင်ကိုင်းဖြတ်ပြီး ခြောက်လအကြာ မေလတွင်စပျစ်သီးများကိုခူးဆွတ်ရောင်းချ၍ရပြီဖြစ်ကြောင်း၊တစ်ပိဿာလက်ကားဈေး ကျပ် ၃၅၀ဝ၊ လက်လီဈေး ကျပ် ၄၀ဝ၀ရောင်းချရကြောင်း၊ ယခုနှစ်တွင် စိန်တလုံးသရက်သီးများ လှိုင်လှိုင် ပေါ်နေသည့်အတွက် စပျစ်သီးရောင်းအားနည်းသည်ဟု အနောက်လက္ခုပ္ပင်ကျေးရွာမှာ စပျစ်ပိုင်ရှင်ဦးဝေယံစိုးထံမှ သိရှိရသည်။စပျစ်အမျိုးအစား အမျိုး မျိုးရှိပြီး ဘလက်ကွင်း၊ သီးချွန်၊ ရွှေနီ၊သခွားမွှေး၊ ဘောဘလက်၊ အာဂျီ(ပန်းရောင်)တို့အနက်စားသုံးသူဈေးကွက်အကြိုက်အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီးဘလက်ကွင်းနှင့်ဘောဘလက်၊စပျစ်မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည်။

ရဲမင်းသာ

 

Local Trade News

Pages