ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျှက်ရှိ

Fri, 06/24/2022 - 07:17 -- admin_ygn

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင် ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့်ကိုက်ညီ သည့်အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့်ကော်ဖီမျိုး ၁၀၆၆ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။ဒေသထွက်ကုန် သီးနှံအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ဝဥ၊ ထောပတ်၊ ကမ္ဗလာ၊ရှောကျခြို၊ ပိန္နဲ၊ ငရုတ်၊ ငှက်ပျော၊ သံပရာ စသည့် သီးနှံများကို  အများဆုံးစိုက်ပျိုးကြပြီး ကော်ဖီသီးနှံ အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခြံ(နတ်ရေကန်)တွင် အာရေဗီးကား(ဗီယက်နမ်)   ကုန်းမြင့်ကော်ဖီမျိုးဧက  ၄၀ ၊ တောင်ပေါ် ဒေသကျေးရွာများတွင် ပုဂ္ဂလိကတောင်သူများက ၁၀၂၆ဧက စိုက်ပျိုးထားကြောင်း၊အရည်သွေးမြှင့် ရောင်း တန်းဝင် ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီစိုက်တောင်သူအစုအဖွဲ့   ဖွဲ့စည်းထားပြီး   တောင်သူ နည်းပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက် လျက်ရှိကြောင်း၊ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့်စိုက်ပျိုးရေးလုပ်ငန်း သုံးပစ္စည်းများ ပံ့ပိုးပေးထားကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧကတိုးတက်လာသလို   အထွက်နှုန်းများလည်း  တိုးတက်လာခဲ့ ကြောင်း၊ ယခုနှစ် ထွက်ရှိသော  ကော်ဖီစေ့များအား  ရေနံ ချောင်းမြို့နယ် ဘာမင်နီယာစက်ရုံ၊  ရန်ကုန်မြို့ ဝင်းကော်ဖီ စက်ရုံတို့မှ ကျေးရွာများအထိ   ကွင်းဆင်း၍ ကော်ဖီအရည် အသွေးအပေါ် မူတည်ပြီး တစ်တန်လျှင်  ငွေကျပ်သိန်း ၃၀မှ ၅၀အထိ ပေးဝယ်ရာတောင်သူများ ဈေးကောင်းရရှိ၍ အဆင် ပြေကြောင်း၊ ကော်ဖီပင်နှင့်အတူ   ထောပတ်၊ ဝဥ၊ လိုင်ချီး၊ လက်ဖက် စသည့် နှစ်ရှည်သီးနှံပင်များ ကြားညှပ်စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံ တိုင်းရင်းသားများမှာ မိသားစုစားဝတ် နေရေးအဆင်ပြေကြောင်း သိရသည်။ယခုနှစ်မှစ၍ မဲခေါင်-လန်ချန်း   အထူးရန်ပုံငွေဖြင့် ကော်ဖီ စံပြကွက်၂ ဧက(ံ-၅၂၈ မျိုးတစ်ဧကနှင့်  ှူ-၃၄ မျိုး တစ်ဧက)ကို စမ်းသပ်စိုက်ပျိုးထားရှိကြောင်း၊ တောင်ပေါ် ဒေသ ကျေးရွာအုပ်စု ၁၀ အုပ်စုမှ  ကော်ဖီစိုက်ပျိုးတောင်သူများ အရည်အသွေးကောင်းမွန်သောသီးနှံများရရှိ၍   အချိန်တို အတွင်း ခြောက်သွေ့စွာလှန်းနိုင်ရန် ရည်ရွယ်၍ ကော်ဖီခြံတွင် ှသူမေ ီမပမေ စနစ်ဖြင့် သီးနှံအခြောက်လှန်းစင်  အဆောက် အအုံ တည်ဆောက်ထားရှိကြောင်းနှင့် ယခုနှစ်   မိုးရာသီအမီ တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်၊ အခြား အရိပ်ရ ပျိုးပင်များနှင့်အတူ ကော်ဖီမျိုးစေ့များပါ ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှသိရသည်။ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျှင်ကော်ဖီ စေ့ ၂ ဒသမ ၈ တန်နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ  ၄၃ တန်ကျော် ထွက်ရှိပြီး ရွာငံ၊ရေနံချောင်း၊ရန်ကုန်နှင့် ပြင်ဦးလွင် မြို့နယ် ဈေးကွက်များ သို့  တင်ပို့ရောင်းချကြောင်း သိရသည်။
ဝင်းထွန်း(မကွေး)