ဂေါ်ဖီထုပ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

Fri, 05/27/2022 - 07:12 -- admin_ygn

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်တွင်ဒေသထွက်ဂေါ်ဖီထုပ်ကိုရာသီပေါ်သီးနှံအဖြစ်တောင်ပေါ်ဒေသများဖြစ်သောလွယ်မွေအုပ်စု၊မိုင်းခွန်အုပ်စုနှင့်မိုင်းဇင်းအုပ်စုတို့တွင်နွေ၊မိုး၊ဆောင်းရာသီမရွေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အခြေအနေများကို မေလပထမပတ်တွင်စိုက်ပျိုးသည့် တောင်သူကြီးများထံ တွေ့ဆုံမေးမြန်းခဲ့သည်။ဂေါ်ဖီထုပ်မျိုးစေ့များကို SuperHAYA (ဒေသခေါ်ယိုးဒယားကမ္ဘာလုံး)အမှတ်တံဆိပ်ဖြင့်၅၀နှစ်ဘူးလျှင် ငါးသောင်းကျပ်ဖြင့်ဝယ်ယူ၍တစ်လကြာသည်အထိ ပျိုးထောင်ရပြီးပျိုးထောင်ချိန်တွင် ဂေါ်ဖီထုပ်စိုက်ပျိုးမည့်မြေနေရာကို မြေပြုပြင်ခြင်းဆောင်ရွက်ရ သည်။မြေပြုပြင်ရာတွင်လုပ်အားခအနေဖြင့် တစ်ဧကလျှင်ကုန်ကျငွေ စုစုပေါင်းကျပ်သုံးသိန်းကျော်ခန့်ပေးချေရသည်။ဂေါ်ဖီထုပ်အပင်၏အဓိကလိုအပ်သောသွင်းအားစုများမှာသဘာဝမြေဆွေး ၈၀အိတ်လျှင်တစ်သိန်းကျော်ခန့်၊ကြက်ချေးလေးအိတ်လျှင်နှစ်သောင်းကျပ်၊နွားချေး၄၀အိတ်လျှင်ကျပ် ရှစ် သောင်း၊တီစူပါဓာတ်မြေသြဇာနှစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်ခန့်၊ ပိုးသတ်ဆေးနှစ်ဘူးလျှင်တစ်သောင်းကျော်ခန့်၊ အပင်အားတိုးဆေးနှစ်ဘူးလျှင်တစ်သောင်းကျပ် တို့ဖြစ်ကြသည်။ဂေါ်ဖီထုပ်အပင်များကြီးထွားရန်အတွက် ရေလုံလောက်စွာရရှိရန်လိုအပ်ကြောင်းနှင့် ပျိုးသက်တမ်းတစ်လကြာပြီး နောက် ပျိုးပင်ပေါက်များကိုမြေပြုပြင်ထားသည့်နေရာတွင်ပင်ခြားတန်းခြား နှစ်ပေပတ်လည်၌တစ်ပင်နှုန်းစိုက်ပျိုးပြီး တစ်ဧကလျှင်အပင်စုစုပေါင်းတစ်သောင်းကျော်ခန့် စိုက်ပျိုး၍အပင်စိုက်ခတစ်သိန်းနှင့်ပေါင်းရှင်းခတစ်သိန်းကုန်ကျသည်။ အချိန်ကာလနှစ်လအကြာ၌ဂေါ်ဖီထုပ်ခူးဆွတ်ချိန်တွင်ရိတ် သိမ်းခ တစ်သိန်းကုန်ကျသည်။ခူးဆွတ်ပြီး ဂေါ်ဖီထုပ်များကို ကျိုင်းတုံမြို့၊ မြို့မဈေး၌သာလက်ကားဈေး တစ်လုံးလျှင်ကျပ် ၃၀ဝ မှ ၅၀ဝထိရရှိပြီး လက်လီဈေး တစ်လုံးကို ကျပ်၇၀ဝ မှ ၁၀ဝ၀ထိ ပေးဝယ်ရကြောင်း သိရှိရသည်။ဂေါ်ဖီထုပ်စိုက်ဧကတစ်ဧကကုန်ကျစရိတ်မှာ ကျပ် ၁ သိန်းကျော် ခန့်ဖြစ် ပြီး တစ်ဧကအထွက်နှုန်းမှာအလုံးအရေအတွက်တစ်သောင်းခန့်ထွက်ရှိရာင်းရငွေမှာ အနိမ့်ဆုံးဈေးဖြင့် ကျပ်သိန်း၃၀ ခန့်ရရှိ၍ တစ်ဧကအကျိုးအမြတ်မှာကျပ်၁၈သိန်းခန့်ရရှိကြောင်း သိရသည်။                                                                                                                  

 စိုင်းပြည့်စုံ၊ ကျိုင်းတုံ(ရှမ်း/ရှေ့)

Local Trade News

Pages