ကျောက်ဖရုံသီး၊ ဖူးစားပြောင်းနှင့် နာနတ်သီး ဈေးကွက်

Tue, 08/02/2022 - 06:40 -- admin_ygn

ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသ အနီးတစ်ဝိုက်ရှိ ကျေးရွာ များ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိသည်။ ကျောက်ဖရုံသီး ဈေးမှာ  ပေါ်ခါစအချိန်တွင် အလုံးကြီး တစ်လုံးလျှင် ကျပ် ၂၀ဝ၀ နှင့် အလုံးသေးတစ်လုံးလျှင် ကျပ် ၁၀ဝ၀ ဖြင့် ဈေးတန် ခဲ့သော်လည်း ယခုလှိုင်လှိုင်ပေါ်ချိန်တွင် ကျောက်ဖရုံသီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၆၀ဝ-၇၀ဝ နှင့် အလုံးသေး တစ် လုံးလျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့်ဖြင့် ရောင်းချလျက်ရသည်။ထို့ပြင် ပြည်မြို့ဈေးကွက်တွင် ဖူးစားပြောင်း တစ်ဖူးလျှင် ကျပ် ၂၀ဝ ဖြင့် ရောင်းချလျက်ရှိပြီး ပြောင်းဝါ ခေါ် သကြား ပြောင်း တစ်ဖူးလျှင် ကျပ် ၃၀ဝ ဖြင့် ရောင်းချကြောင်း သိရ သည်။ ပြည်ဈေးကွက်တွင် နာနတ်သီးဈေးနှုန်းများမှာ အလုံး အကြီး အသေးပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားလျက်ရှိ သည်။ နာနတ်သီး အလုံးကြီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ-၂၀ဝ၀၊ အလတ် တစ်လုံးလျှင် ကျပ် ၁၀ဝ၀-၁၅၀ဝ၊ အသေး တစ်လုံးလျှင် ကျပ် ၅၀ဝ-၁၀ဝ၀ ဈေးများဖြင့်  ရောင်းချလျက်ရှိ သည်။      

အိအိခိုင်၊ အိသပြေခင်၊ သင်းသင်းအောင် (ပြည်)

 

Local Trade News

Pages