ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ စတင်ရိတ်သိမ်း

Thu, 06/23/2022 - 06:02 -- admin_ygn

ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် နွေနှမ်းစိုက်ဧက၈၆၅၆၅ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေနှမ်းကို မတ်လတွင်စတင်စိုက်ပျိုးကြသည်။နှမ်းမျိုးအနေဖြင့် နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကိုသာအများဆုံးစိုက်ပျိုးကြသည်။ယခုအချိန်တွင်နွေနှမ်းများစတင်ရိတ်သိမ်းလျက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်၂၅၀ဝ၀ဝခန့်ကုန်ကျကြောင်း ၊ နှမ်းတစ်ဧကအထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ရှစ်တင်းခန့်သာထွက်ရှိသည်။ယခုနှစ်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ၁၀-၁၁တင်း ဝန်းကျင်ထွက်ရှိကြောင်း၊နှမ်းဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ်၄၄၀ဝ၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၃၃၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၃၃၀ဝ၀ ဈေးနှုန်းများဖြစ်ခဲ့ပြီး ယခုနှစ်တွင် နှမ်းဖြူတစ်တင်းလျှင်ကျပ်၅၃၀ဝ၀၊ နှမ်းညိုတစ်တင်းလျှင်ကျပ် ၄၈၀ဝ၀၊ နှမ်းနက်တစ်တင်းလျှင် ကျပ် ၄၈၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ဆီဈေးနှုန်းအနေဖြင့် နှမ်းဆီတစ်ပိဿာလျှင်ကျပ် ၉၀ဝ၀၊ ပဲဆီတစ်ပိဿာလျှင်ကျပ် ၉၅၀ဝ၊ စားဆီတစ်ပိဿာလျှင်ကျပ်၇၅၀ဝ ဈေးနှုန်းများရှိပြီး ယခင်နှစ်ထက်ဈေးနှုန်းပိုမိုရရှိသောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။
မော်မော်အောင်(ကျောက်ဆည်)

Local Trade News

Pages