ကော်ဖီတစ်တန်လျှင် ကန်ဒေါ်လာ ၅၀ဝ၀ခန့် ပေါက်ဈေးရရှိနေ

Thu, 07/14/2022 - 09:19 -- admin_ygn

လက်ရှိ မြန်မာ့ကော်ဖီဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားများ ကောင်းမွန်လာသည့်အတွက် ကော်ဖီစေ့တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၅၀ဝ၀ခန့်အထိ ပေါက်ဈေးရရှိနေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရ သည်။"တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကျွန်တော်တို့ဆီမှာ နှစ်စဉ် ကော်ဖီ တန်ချိန် ၉၀ဝ၀ကျော် ထွက်ရှိနေပါတယ်။ ကော်ဖီတစ်တန်ကိုလက်ရှိပေါက်ဈေးအမေရိကန်ဒေါ်လာ၄၅၀ဝကနေ ၅၀ဝ၀အထိဈေးရပါတယ်"ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၂၉ ရက်တွင် ပြောသည်။ မြန်မာ့ဒေသထွက် ကော်ဖီများသည် အခြားသောနိုင်ငံများက   ထွက်ရှိသည့် ကော်ဖီ များထက် အရည်အသွေးစံချိန်စံနှုန်း ပိုမို ကောင်းမွန်သည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် ဈေးပိုမိုရရှိနေခြင်းဖြစ်သည်ဟုဆိုသည်။မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီများကို ဆွစ်ဇာ လန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင် ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က  ပြည်ပနိုင်ငံ များသို့ မြန်မာ့ ကော်ဖီတင်ပို့မှုနှုန်းကျဆင်းခဲ့သော်လည်း  ယခုနှစ်တွင် ပုံမှန် တင်ပို့နေရသည့်အခြေအနေသို့  ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ  တန် ၅၀ဝ နီးပါး တင်ပို့ လျက် ရှိကြောင်း သိရသည်။ပြည်တွင်း၌ ကော်ဖီစိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိရာ ဧက ၅၀ဝ၀ဝ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့ တန်ချိန် ၉၀ဝ၀ကျော် ထွက်ရှိကြောင်း သိရသည်။ ကော်ဖီကိုမြန်မာနိုင်ငံတွင်မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင် မြို့နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးပြီး  အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင်လည်း အနည်းငယ်စိုက်ပျိုးကြကြောင်းသိရသည်။

Local Trade News

Pages