ကသာ၌ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး ဈေးနှုန်း ဆက်လက်မြင့်တက်

Thu, 09/22/2022 - 10:20 -- admin_ygn

 

ကသာမြို့တွင်း  ရောင်းချလျက်ရှိသော ကြက်သွန်နီ ဈေးနှုန်းမှာ သြဂုတ်လနောက်ဆုံးပတ်တွင် လက်လီတစ်ပိဿာ ကျပ် ၃၈၀ဝ အထိမြင့်တက်သွားပြီး လက်ရှိကြက်သွန်နီဈေးနှုန်း မှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အသေးပေါ်မူတည်၍  ကျပ် ၃၇၀ဝ မှ ၃၂၀ဝ၊ လက်လီတစ်ပိဿာလျှင် အကြီးကျပ် ၄၀ဝ၀၊ အသေး ကျပ် ၃၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိကာ ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ ၃၅ ပိဿာပါ အိတ် ၈၀ ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ ၃၅ ပိဿာပါ အိတ် ၆၀ ခန့် ဝင်ရောက်ကြောင်း သိရသည်။
ကသာမြို့နယ်အတွင်းသို့  ခရမ်းချဉ်သီး ဝင်ရောက်မှု အနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ ပိဿာ ၂၀ ပါ သေတ္တာအလုံး ၈၀ ခန့် ဝင်ရောက်ကြောင်း သိရှိရသည်။
ကသာမြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော ခရမ်းချဉ် သီးဈေးနှုန်းမှာ လက်လီတစ်ပိဿာလျှင် ကျပ် ၂၉၀ဝ၊ လက်ကား တစ်ပိဿာလျှင် ကျပ် ၃၂၀ဝ တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခင် တစ်ပတ်  ခရမ်းချဉ်သီးဈေးနှုန်းမှာ  လက်ကားတစ်ပိဿာ ၂၅၀ဝ ကျပ် ဖြစ်သည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ကျပ် ၇၀ဝ ခန့်  မြင့်တက်လာကြောင်း သိရှိရသည်။ 
အေးမွန်သန့် (ကသာ)၊ ယဉ်ယဉ်မြင့် (ကသာ)