ကကတစ်ငါး(ကပေါင်း) ဈေးကွက်အကြောင်း တစေ့တစောင်း

Wed, 11/23/2022 - 08:17 -- comsumer

       ကကတစ်ငါး(ကပေါင်း)ကို မြိတ်မြို့၌ ‌ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း၊ ရေချို ရေငန်အစပ်တွင်လည်းကောင်း စီးပွားဖြစ်မွေးမြူကြပြီး မြေကန်များ၊ မြစ်ချောင်းများနှင့်ပင်လယ်ပြင်တွင် လှောင်အိမ်ဖောင်များဖြင့် မွေးမြူလျက်ရှိသည်။ ကကတစ်ငါး(ကပေါင်း)သားပေါက် (၁၀၀၀၀)ခန့် မွေးမြူ လျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၂၉,၄၀၀,၀၀၀)ကျပ် ကုန်ကျမည်ဖြစ်ပြီး၊ ငါးဖော်ချိန်၌ ကကတစ်ငါး (ကပေါင်း)(အရှင်) ၈၀ ရာခိုင်နှုန်းအောင်မြင်ပါက ရရှိနိုင်မည့်အကျိုးအမြတ်မှာ (၅၆,၀၀၀,၀၀၀)ကျပ် ခန့်ရရှိ၍ အသားတင်အမြတ်အစွန်းမှာ (၂၃,၈၀၀,၀၀၀)ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

          ၂၀၂၁-၂၀၂၂ ခုနှစ်၌ မြိတ်ဒေသတွင် ကကတစ်ငါး(ကပေါင်း)တစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၈၀၀၀) ကျပ် ဈေးအထိရရှိခဲ့ပြီး၊ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စက်သုံးဆီဈေးနှုန်းနှင့် ငါးအစာဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မွေးမြူသည့်ကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထက် ပိုမိုကုန်ကျခဲ့သည့် အတွက် ရောင်းချရသည့်တန်ဖိုးမှာ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်မှ(၁၅၀၀၀)ကျပ်ခန့်အထိရရှိခဲ့သည်။ ကကတစ်ငါး(ကပေါင်း)ကို ဒေသတွင်းစားသုံးရန် ရောင်းချပြီး၊ ရန်ကုန်မြို့နှင့်အခြားမြို့ကြီးများသို့ အအေးခန်း ကွန်တိန်နာဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)  

Local Trade News

Pages