အိန္ဒိယ-သြစတြေးလျ လွတ်လပ်သော သဘောတူစာချုပ်က အိန္ဒိယနိုင်ငံ အဖျော်ယမကာ ကဏ္ဍကို မြှင့်တင်လျက်ရှိ

Thu, 01/05/2023 - 05:00 -- Dotbilateral

        သြစတြေးလျပါလီမန်မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အိန္ဒိယ-သြစတြေးလျ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် အဖျော်ယမကာကဏ္ဍအတွက် ကြီးမား သောအကျိုးအမြတ်များ ဖြစ်ပေါ်စေသည်ဟု အိန္ဒိယနိုင်ငံအဖျော်ယမကာကုမ္ပဏီ များအဖွဲ့ချုပ်မှ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအဖျော်ယမကာကုမ္ပဏီများအဖွဲ့ချုပ်၏ ညွှန်ကြားရေးမှူးချုပ် Vinod Giri က “ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် သြစတြေးလျဝိုင်များအတွက် အိန္ဒိယဈေးကွက်ကို ဖွင့်လှစ်ပေးမည် ဖြစ်ပြီး တစ်ဖက်တွင်လည်း အိန္ဒိယဝိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူ ဖြစ်စေကြောင်း နှင့် သြစတေးလျဝိုင်များသည် အိန္ဒိယနိုင်ငံသို့ ပိုမိုလွယ်ကူသောစျေးကွက် ဝင်ရောက်လာပြီး အိန္ဒိယဝိုင်လုပ်ငန်းသည်လည်း သြစတြေးလျနိုင်ငံမှ နည်းပညာပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိလိမ့်မည်" ဟု ပြောကြားခဲ့သည်။လက်ရှိတွင် သြစတြေးလျ စပျစ်ဝိုင်လုပ်ငန်းစုနှင့် အိန္ဒိယနိုင်ငံအဖျော်ယမကာကုမ္ပဏီများ အဖွဲ့ချုပ်တို့မှ ‌အဖျော်ယမကာလုပ်ငန်းနှစ်ခု စတင်ပူးပေါင်းနေပြီဖြစ်ပါသည်။

          သြစတြေးလျနိုင်ငံသို့ အိန္ဒိယအရက်ထုတ်ကုန်များ တင်ပို့မှုကို ကန့်သတ်သည့် ဩစတြေး လျဥပဒေများနှင့်ပတ်သက်၍ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်မှ အချိန်ကန့်သတ် ချက်အားလျော့ချပေးနိုင်မည်ဟု မျှော်မှန်းထားသည်ကိုလည်း အိန္ဒိယနိုင်ငံအဖျော်ယမကာ ကုမ္ပဏီများအဖွဲ့ချုပ်၏ ပြောကြားချက်အရ သိရှိရပါသည်။

          အိန္ဒိယနိုင်ငံအနေဖြင့် Jaisalmer၊ Terai နှင့် Stranger & Sons ကဲ့သို့သော လက်လုပ်ယမကာများအပြင် Amrut နှင့် Rampur တံဆိပ်ဝီစကီများကိုပါ ထုတ်လုပ်လာနိုင်ခဲ့ပြီး ပြည်ပဈေးကွက်ကို ဆွဲဆောင်လျက်ရှိရာ အရည်အသွေးမြင့် ယစ်မျိုးထုတ်လုပ်သူအဖြစ် အိန္ဒိယ နိုင်ငံမှ ရပ်တည်နေပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံအဖျော်ယမကာကုမ္ပဏီများအဖွဲ့ချုပ်မှ ပြောကြား ခဲ့သည်ကို တွေ့ရှိရပါသည်။

          ဤလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်သည် အဖျော်ယမကာကဏ္ဍတွင် အိန္ဒိယနိုင်ငံအား ကမ္ဘာ့ဝယ်လက်အဖြစ်မှ ကမ္ဘာ့တင်ပို့သူဖြစ်လာစေရန် ကူညီပေးသွားမည်ဖြစ်သည်။

          အိန္ဒိယ-သြစတြေးလျ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးသဘောတူ စာချုပ်များအား အကောင်အထည်မဖော်မီ သြစတြေးလျပါလီမန်၏ အတည်ပြုချက်လိုအပ်ပြီး အဆိုပါသဘောတူညီချက်များကို အိန္ဒိယနိုင်ငံရှိ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထုတ် ပြန်ခဲ့ပြီးဖြစ်ပါသည်။

https://economictimes.indiatimes.com/news/economy/foreign-trade/india-australia-fta-win-win-for-alcobev-sector-ciabc/articleshow/95721192.cms

International Trade News

Pages