အရှေ့တောင်အာရှ၌စတင်တည်ထောင်ကာစလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နေမှုအပေါ် အကဲဖြတ်ထားသည့် အစီရင်ခံစာထွက်ပေါ်လာ

Tue, 11/15/2022 - 06:45 -- wtodep

   အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံများသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုမှာ ၂၀၂၁ ခုနှစ်တွင် ၄၂ % တိုးတက်ခဲ့ကာ ဒေါ်လာ ၁၇၄ ဘီလီယံ အထိ တိုးလာခဲ့ပြီး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမသွားမီ ၂၀၁၉ ခုနှစ် စံချိန်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

   အာဆီယံနိုင်ငံများသို့ FDI တိုးလာမှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပျမ်းမျှတိုးတက်မှုနှုန်း ၃၀% ကိုကျော်လွန်ကာ ကပ်ရောဂါ လှိုင်းများကြားမှ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု ခံနိုင်ရည်အင်အားရှိမှုကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်ခဲ့ပါသည်။

   ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည် UNCTAD-ASEAN ပူးတွဲအစီရင်ခံစာအရ  ဒေသတွင်း၏ အားကောင်းကြံ့ကြံ့ ခံနိုင်မှု၏နောက်တွင် ဒေသ၏တွန်းအားပေးသော စတင်မှုဂေဟစနစ်မှာ အဓိကအချက်တစ်ချက်ဖြစ်ကြောင်း သိရပါသည်။

   ၂၀၁၅ မှ ၂၀၂၁ ခုနှစ်ကြားတွင် အာဆီယံရှိ စတင်လုပ်ကိုင်သော လုပ်ငန်းအရေအတွက်မှာ ၁၉၂၀ သို့ သုံးဆနီးပါးတိုးခဲ့ကာ၊ လုပ်ငန်းရန်ပုံငွေ ဒေါ်လာ ၁ သန်းကျော် ရရှိသည်အထိ တိုးတက်ရရှိခဲ့ပြီး ၎င်းနှုန်းထားမှာ အလားတူကာလတွင် ဥရောပထက် ၈၅ % နှင့် အမေရိကန်ထက် ၆၅ % ပိုမို မြန်ဆန်ခဲ့ပါသည်။ ယခုလက်ရှိတွင် အာဆီယံသည် အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့၏ နောက်တွင် ရပ်တည်လျက်ရှိနေပါသည်။

   လုပ်ငန်းများစတင်ခြင်းနှင့် စတင်သည့်လုပ်ငန်းတစ်ခု၏ ရာဖြတ်တန်ဖိုး ဒေါ်လာ ၁ ဘီလီယံသို့ ရောက်ရှိသွားသည့် ယူနီကွန်း လုပ်ငန်းများမြင့်တက်လာခြင်းက ကမ္ဘာနှင့်ဒေသတွင်း ပုဂ္ဂလိကအစုရှယ်ယာများနှင့် ဒေသတွင်း အရင်းအနှီးရန်ပုံငွေများကို လျင်မြန်စွာကြီးထွားလာစေကြောင်း ၂၀၂၂ ခုနှစ် အာဆီယံရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

အာဆီယံအတွင်း ရင်းနှီးမြှုပ်နှံမှုနောက်ကွယ်ရှိ တွန်းအားတစ်ခု

   ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ပို၍အရေးကြီးသည်မှာ အာဆီယံရှိ ထိပ်တန်းရန်ပုံငွေကြေးထောက်ပံ့သော တည်ထောင်ကာစလုပ်ငန်းများနှင့် ယူနီကွန်းများက ၎င်းတို့၏လုပ်ငန်းများကို နိုင်ငံနယ်နိမိတ်ကျော်လွန်၍ အဓိကဖွံ့ဖြိုး ဆဲစက်မှု လုပ်ငန်းများတွင် တိုးချဲ့လျက်ရှိခြင်းပင် ဖြစ်ပါသည်။

  ဤလုပ်ငန်းများသည် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း(e-Commerce) နှင့် နည်းပညာအခြေပြုငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်း (fintech) ကဲ့သို့ ကဏ္ဍများ၌ အခွင့်အလမ်းသစ်များဖြင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ၏ နောက်တွင် မောင်းနှင်အားတစ်ခု ဖြစ်လာစေပါသည်။

   လုပ်ငန်းအသစ်များ၊ အထူးသဖြင့်ယူနီကွန်းလုပ်ငန်းများမှာအာဆီယံရှိ Industry 4.0 အသွင်ကူးပြောင်းရာတွင် ပါဝင်ကူညီ ပေးခြင်းနှင့်   ခေတ်ရေစီးကြောင်းအသစ်များ ဖြစ်ပေါ်လာစေရန် မောင်းနှင်ခြင်းတို့တွင် အရေးကြီးလာကြောင်း၊ အစီရင်ခံ စာတွင် ၂၀၂၂ ခုနှစ်တွင် အာဆီယံ၏ ထိပ်တန်းရန်ပုံငွေရှိသည့်လုပ်ငန်းများ ၁၀၀ အနက်၊ လုပ်ငန်း ၄၂ ခုမှာ အဖွဲ့ဝင်နိုင်ငံ အနည်းဆုံး တစ်နိုင်ငံတွင် လုပ်ကိုင်နေပြီး၊   ၎င်းတို့အနက်အများစုမှာ ဒေသတွင်းရှိ နေရာနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသောနေရာများတွင် လုပ်ကိုင်ကြသည်ကို တွေ့ရှိရကြောင်း ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

   ဒေသတွင်း ယူနီကွန်းများ၏ ၈၂ % ကျော်မှာ ဒေသတွင်းနှင့်ဒေသပြင်ပရှိ နိုင်ငံအများအပြားတွင် နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများကို တက်ကြွစွာဆောင်ရွက်နေကြပြီး၊ ဒေသ၏ဒစ်ဂျစ်တယ်စီးပွားရေးသို့ သိသိသာသာ ပါဝင်ဖြည့်ဆည်းလျက် ရှိကြပါသည်။

  သူတို့၏ဒေသအလိုက် စတင်တည်ထောင်သည့်လုပ်ငန်းများနှင့် (အများအားဖြင့် နည်းပညာနယ်ပယ်ရှိ) ယူနီကွန်းများက ဒေသတွင်းပေါင်းစည်းရေး ဆောင်ရွက်ရာတွင် နိုင်ငံများနှင့် စျေးကွက်များကို ချိတ်ဆက်ရာ၌ အရေးကြီးသည့်အခန်းကဏ္ဍမှပါ ဝင်ကြောင်းနှင့် ၎င်းတို့မှာ ဒေသတွင်းပေါင်းစည်းမှုကို လွယ်ကူချောမွေ့စေရန်အတွက် ပါဝင်ဖြည့်ဆည်းရာတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်း UNCTAD-ASEAN ၏ ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ဈေးကွက်ဆွဲငင်အား

   အာဆီယံတွင် ရင်းနှီးမြှုပ်နှံရာ၌ တည်ထောင်ကာစလုပ်ငန်းများနှင့် ယူနီကွန်းလုပ်ငန်းများကို တွန်းကန်ခြင်းနှင့် ဆွဲငင်ခြင်း ပြုလုပ်သည့် အကြောင်းခြင်းရာအမျိုးမျိုး ရှိပါသည်။ 

   ဒေသဆိုင်ရာရင်းနှီးမြှုပ်နှံမှုမှာ ရန်ပုံငွေအများဆုံးရှိသော စတင်ကာစလုပ်ငန်း ၁၀၀ အနက် အဓိက (၉၆) ခုတို့မှာ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့  ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရာတွင် စျေးကွက်ရှာဖွေရေး ထည့်သွင်းစဉ်းစားမှုများဖြင့် ဆောင်ရွက်ပါသည်။

  အခြားအကြောင်းများတွင် ရန်ပုံငွေလက်လှမ်းမီရရှိရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ မဟာဗျူဟာမြောက် ကုန်ထုတ်အရင်း အနှီးများနှင့် နိုင်ငံခြားနှင့်မိတ်ဖက်ပြုမှုများ ပါဝင်ပါသည်။

ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး စီမံဆောင်ရွက်မှုများ

   ယခင်ဆယ်စုနှစ်များ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် လိုအပ်ချက်များ တစ်ညီတည်းဖြစ်စေခြင်းကဲ့သို့ စီမံဆောင်ရွက်မှုအမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြကာ၊ ၎င်း ဆောင်ရွက်မှုများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။

   အစီအမံများသည် ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံမှုကို အဆင်ပြေချောမွေ့စေသည့်အပြင် စတင်သည့်လုပ်ငန်းများ၏ ဒေသတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်နှင့် အခြားနိုင်ငံများတွင် ၎င်းတို့၏ကိုယ်ပိုင်အရင်းအနှီးများကို မြှုပ်နှံရန် ကူညီပေး ခဲ့ပါသည်။

   အဖွဲ့ဝင်အားလုံးတို့က အစီအမံများ၏ ၈၀% ကို နေရာတကျ ထည့်သွင်းထားပြီးဖြစ်သော်လည်း၊ အချို့နိုင်ငံများတွင် တစ်ခုတည်းသော ဒစ်ဂျစ်တယ်ကြားခံနေရာများ (ပလက်ဖောင်းများ)နှင့် ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးသည့်အချက်များ လွယ်ကူချောမွေ့စေရေးတို့အပေါ် စီမံဆောင်ရွက်မှုများအတွက် လုပ်ဆောင်မှုအချို့ လိုအပ်ဆဲဖြစ်ကြောင်း အစီရင်ခံစာက ရှာဖွေဖော်ထုတ်ခဲ့ပါသည်။

   တိုးတက်မှုရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးအတွက် အမြင့်ဆုံးအကျိုးသက်ရောက်မှုဖြစ်စေမည့်အစီ အမံများအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာရုံစိုက်ရန် အကြံပြုထားပြီး တိုးတက်မှုများအတွက် ဆောင်ရွက်နိုင် သည့်နေရာ များကို အစီရင်ခံစာက ဖော်ထုတ်သတ်မှတ်ထားပါသည်။

  ၎င်းတို့တွင် ရင်းနှီးမြှုပ်နှံသူများအတွက် ရရှိနိုင်သောအချက်အလက်များကို ပိုမိုကောင်းမွန်စေရန်ပြုလုပ်ခြင်း၊ ရင်းနှီးမြှုပ် နှံမှုဥပဒေများ၊ စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာစေရန်ပြုလုပ်ခြင်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို တစ်ညီတည်းဖြစ်စေခြင်းတို့ပါဝင်သည်။

   ထိုသို့သောဆောင်ရွက်မှုများမှာ တည်ထောင်ကာစလုပ်ငန်းများက ဒေသတွင်းလုပ်ငန်းတိုးချဲ့ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံခြားဈေးကွက်နှင့်စပ်လျဉ်း၍ ဗဟုသုတမရှိခြင်းနှင့် စည်းမျဉ်းလိုအပ်ချက်များကဲ့သို့ မသိရှိသေးသည်များကို ကြောက်ရွံ့ခြင်းကဲ့သို့ စိန်ခေါ်မှုများကို ကျော်လွှားနိုင်စေရန်  ပိုမိုကူညီမှုပြုနိုင်မည်ဖြစ်ပါသည်။

   UNCTAD-ASEAN ပူးတွဲအစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အာဆီယံရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့ရေး မူဘောင် (ASEAN Investment Facilitation Framework) တွင် ပါဝင်သော ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး စီမံဆောင်ရွက်မှု အဓိကအမျိုးအစားများအပေါ် တိုးတက်မှုကိုအကဲဖြတ်ထားခြင်းဖြစ်ကာ၊ မူဝါဒစီမံဆောင်ရွက်မှုများ၊ ပံ့ပိုးကူညီမှုများနှင့် စွမ်းရည် တည်ဆောက်ရေး အစီအစဉ်များမှတစ်ဆင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်ကြောင်း ဖော်ပြထား ပါသည်။

Source:https://unctad.org/news/how-start-ups-are-boosting-investment-south-east-asia

ဖြူဖြူစိုး

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages