ရာသီဥတုပြောင်းလဲခြင်းမှုအပေါ် တုန့်ပြန်ဆောင်ရွက်ရာတွင် မှန်ကန်သောကုန်သွယ်မှုမှာ မူဝါဒများ ရှိရန်လိုအပ်

Mon, 11/28/2022 - 04:58 -- wtodep

  ရာသီဉတုပြောင်းလဲမှုကို တုန့်ပြန်ရာတွင် မှန်ကန်သောကုန်သွယ်မှုမူဝါဒများရှိရန် လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် NgoziOkonjo-Iweala က နိုဝင်ဘာလ ၇ ရက်နေ့တွင် Sharm El-Sheikh ၌ ကမ္ဘာ့ခေါင်းဆောင်များဖြင့် ကျင်းပသည့် COP27 ကာလအတွင်း အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။ ၎င်းအခမ်းအနားကို “ခေါင်းဆောင်တွေက ဘယ်အချိန်မှာ ဦးဆောင်မည်နည်း။ ရာသီဥတုနှင့် ကျန်းမာရေးအတွက် ဘဏ္ဍာငွေတိုက်ရိုက်ပေးခြင်းနှင့် စုစည်းခြင်းတို့ပြု လုပ်ရာ၌ နိုင်ငံတော်၏အခန်းကဏ္ဍ” ဟူသော ခေါင်းစဉ်ဖြင့်  လန်ဒန်တက္ကသိုလ်က စကော့တလန်နှင့် ဘာဘေးဒိုးစ်အစိုးရတို့ပူးပေါင်း၍ စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲတွင် ဘာဘေးဒိုးစ်၏ ၀န်ကြီးချုပ် Mia Amor Mottley နှင့် စကော့တလန်နိုင်ငံ၏၀န်ကြီး Nicola Sturgeon တို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

  ဘာဘေးဒိုးစ်၏၀န်ကြီးချုပ် Mia Amor Mottley က အဖွင့်အမှာစကားပြောကြားရာ၌  ရာသီဥတုပြောင်းလဲမှုကိုတုံ့ပြန်ရာတွင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများက ပိုမိုပြုပြင်ပြောင်းလဲဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံစုံဖွံ့ဖြိုးတိုးတက်ရေးဘဏ်များသည် ဆင်းရဲသောနိုင်ငံများ၏ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းမှုများနှင့် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်အတွက် ၎င်းနိုင်ငံများထံ အရင်းအမြစ်များရရှိနိုင် စေရေး ခွင့်ပြုပေးမည့်အထောက်အကူအသစ်များလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က COVID-19 ကပ်ရောဂါကာလအတွင်းဆောင်ရွက်ခဲ့ကြသည့် ပို့ကုန်ကန့်သတ်ချက်များနှင့် ကာကွယ်ဆေးတားမြစ်ချက်များနှင့် အလိုအပ်ဆုံးအခြားသွင်းအားစုများကို နိုင်ငံများထံရောက်ရှိ စေမှုများကဲ့သို့သော ကုန်သွယ်ရေးမူဝါဒအချို့၏ အတွေ့အကြုံများအပေါ်လေ့လာ၍ သင်ခန်းစာယူသင့်ကြောင်း သတိပေးခဲ့ပါသည်။

  ထို့ပြင် ရာသီဥတုပြောင်းလဲမှုအခြေအနေတွင်၊ ကုန်သွယ်ရေးမူဝါဒများသည် အဖြစ်အပျက်တစ်ခုမဖြစ်ပွားမီ လျော့ပါးသက်သာစေရေး ကြိုတင်ဆောင်ရွက်နိုင်ရန် သို့မဟုတ် အဖြစ်အပျက်တစ်ခုဖြစ် ပွားပြီးနောက် နိုင်ငံများကိုကူညီရန် နည်းပညာ သို့မဟုတ် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ပိတ်ဆို့ခြင်းမှ လမ်းဖွင့်ပေးသည့် ကုန်သွယ်ရေးမူဝါဒများက ကူညီပေးနိုင်ကြောင်း၊ နိုင်ငံအဆင့်စီမံဆောင်ရွက်မှုများမှာ မကြာခဏဆိုသလို ကုန်သွယ်မှုမူဝါဒနှင့် ကုန်သွယ်မှုတွင် ပေါင်းစပ်မှုမရှိသည့်အတွက် “ပျောက်ဆုံးနေသော အစိတ်အပိုင်း” ဖြစ်ကြောင်း  အလေးပေးပြောကြားခဲ့သည်။

ညွှန်ကြားရေးမှူချုပ် Okonjo-Iweala မှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ကာဗွန်နည်းသော စီးပွားရေးသို့အသွင်ကူးပြောင်းရန် နိုင်ငံများ၏ ထုတ်ကုန်များကို ကမ္ဘာလုံး ဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်များလိုအပ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပြီး၊ အထူးသဖြင့် ကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ စီးပွားရေးအသွင်ကွဲပြားစေရန်၊ ထိုနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သည့်ထုတ်ကုန်များကို ရွှေ့ပြောင်းထုတ်လုပ်နိုင်ရန်နှင့် ၎င်းတို့ကို ကမ္ဘာ့တန်ဖိုး ကွင်းဆက်များအတွင်း သယ်ဆောင်လာရန် လုပ်ငန်းများလုပ်ဆောင်နိုင်ပုံကို အသားပေးပြောကြား ခဲ့ပါသည်။  ထိုသို့ဆောင်ရွက်နိုင်ပါက ကမ္ဘာကြီးအတွက် ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားနိုင် သကဲ့သို့ တစ်ချိန်တည်းတွင် ထွက်ခွာသွားသူများကိုပါ ထည့်သွင်းဆောင်ရွက်နိုင်မည်ဖြစ်ရာ ခဲတစ် လုံးဖြင့် ငှက်နှစ်ကောင်ကိုပစ်နိုင်မည့် အခြေအနေဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ချမှတ်ထားသော ကုန်သွယ်မှုမူဝါဒများမှာ ခွဲခြားဆက်ဆံမှု မရှိသင့်ကြောင်း၊ ကမ္ဘာပေါ်တွင် ကာဗွန်စျေးနှုန်းသတ်မှတ်ခြင်းအတွက် အပိုင်းပိုင်း ခွဲထားသော စနစ်ပေါင်း ၇၀ ခန့်ရှိနေကြောင်း၊ မတူညီသောနိုင်ငံများတွင် ကာဗွန်အခွန်အခများ၊ ဈေးနှုန်း များနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များ ကွဲပြားနေကြောင်း၊ ထို့ကြောင့် ၎င်းတို့နှင့်ဆက်ဆံရမည့် စီးပွားရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း၊ ပဲရစ်သဘော တူညီချက်အရ သဘောတူထားသည့်အတိုင်း ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီအထိ ကန့်သတ် ထားလိုသည့်ရည်မှန်းချက်ကို ထည့်သွင်းစဉ်းစားမည့် ကမ္ဘာလုံးဆိုင်ရာ စျေးနှုန်းမူဘောင်တစ်ရပ် အောက်တွင် WTO မှ ဆော်သြနေကြောင်း   ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့ပါသည်။၊

စကော့တလန်၏၀န်ကြီး Nicola Sturgeon က နိုင်ငံစုံ ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုစဉ်းစားပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆီသို့ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကတိကဝတ်များကို စဉ်းစားရန်လိုအပ်ကြောင်း၊  ရာသီဥတုပြောင်းလဲမှုပြဿနာများကို ဖြေရှင်းနိုင်ရေးကူညီရာတွင် ကုမ္ပဏီများဘက်မှ မည်သို့ပါဝင်ဆောင်ရွက်ပေးနိုင်သည်ကို စဉ်းစားရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရပါသည်။  

အီဂျစ်နိုင်ငံမှစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး MsHala El Said ကလည်း ယခုအစည်းအဝေး၌ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

Source: https://www.wto.org/english/news_e/news22_e/cop27_08nov22_e.htm

မေစပယ်စိုး

ဒု-ဦးစီးမှူး

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages