ဘရာဇီးလ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးကို တိုးမြှင့်ရန်ဆောင်ရွက်လျက်ရှိ

Fri, 06/02/2023 - 09:37 -- Dotbilateral

              သံတမန်ရေးရာသတင်းအရင်းမြစ်များအရ ဘရာဇီးလ်နိုင်ငံသည် မကြာမီတွင် ဝင်ငွေအလယ် အလတ်ရှိသောနိုင်ငံဖြစ်လာမည်ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

              ဘရာဇီးလ်နိုင်ငံ၏သမ္မတ Luiz Inácio Lula da Silva သည် နိုင်ငံပေါင်းစုံ ဆက်ဆံရေးကို ခိုင်မာစေရန် တောင်အာရှနိုင်ငံများနှင့်အတူကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မကြာသေးမီကဆုံးဖြတ်ခဲ့သည်။ လက်တင်အမေရိကနိုင်ငံမှ အဆင့်မြင့်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် မကြာမီရက်ပိုင်းအတွင်း ဒါကာသို့ သွားရောက်မည်ဖြစ်သည်။ ABRAPA (ဘရာဇီးလ်နိုင်ငံမှ ဂွမ်းစိုက်ပျိုး သူများအသင်း) မှ Marcelo Duarte Monteiro ၊ Apex Brasil မှ Rodrigo Gedeon နှင့် ဘရာဇီးလ် နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ် Alex Giacomelli တို့ပါဝင်ပါသည်။

              ခရီးစဉ်မတိုင်မီ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Sadia Faizunnesa က ဘင်္ဂလားဒေ့ရှ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဘရာဇီးလ်နိုင်ငံ၏ သမ္မတ Luiz Inasio Lula Da Silva ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရန် ဆန္ဒအရ လေ့လာရေးအဖွဲ့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ခရီးလာရောက်မည်ဖြစ်ကြောင်း အကြောင်းကြားခဲ့ပါသည်။

              ဒါကာမြို့ရှိ ဘရာဇီးလ်နိုင်ငံသံရုံးသည် ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးဦးစီးဌာန(DPRA) ဘရာဇီးလ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်း (Apex-Brazil)  ဘရာဇီးလ်-ဘင်္ဂလားဒေ့ရှ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (BBCCI) တို့နှင့်ပူးပေါင်း၍ ဘရာဇီးလ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ညီလာခံခေါင်းစဉ်ဖြင့် တစ်နေ့တာ နှီးနှောဖလှယ်ပွဲကျင်းပသွားမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Tipu Munshi ၊ Secretary Tapan Kanti Ghosh ၊ ဘင်္ဂလားဒေ့ရှ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FBCCI) ဥက္ကဋ္ဌ Md Jashim Uddin နှင့် စီးပွားရေးခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု မျှော်လင့်ထားသည်။ .

             ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Paulo Fernandos Dias Feres ၏ ပြောကြားချက်အပေါ်ကိုးကား၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရန်အတွက် ဘရာဇီးလ် နိုင်ငံအနေဖြင့် တတ်နိုင်သမျှ အခက်အခဲများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရှိခဲ့ပါသည်။

             ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ်ဆက်တိုက် တိုးတက်လာခဲ့ပြီး နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကိုလည်း အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပါသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အချက်အလက်အသစ်များအရ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် (၄၁) နိုင်ငံမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာပါသည်။

             ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဝါဂွမ်းတင်သွင်းသူ၊ ဒုတိယအကြီးဆုံးအထည်များတင်ပို့သူအဖြစ် ရပ်တည်နေပြီး ဘရာဇီးလ်နိုင်ငံသည် စတုတ္ထမြောက် ဝါဂွမ်းထုတ်လုပ်သူနှင့် ဒုတိယအများဆုံး ဝါဂွမ်းတင်ပို့သည့်နိုင်ငံ ဖြစ်ကြောင်းသိရှိရပါသည်။

https://www.dhakatribune.com/business/2023/05/24/as-bangladeshs-economy-grows-brazil-wants-in-on-the-action

 

International Trade News

Pages