ပြင်းထန်သောရာသီဥတုအခြေအနေများကြောင့် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သည့်နိုင်ငံများ၏ ဆန်စျေးကွက် အခြေအနေအား လေ့လာခြင်း

Wed, 11/23/2022 - 06:07 -- DotBorderdep

၂၀၂၂ခုနှစ်၊နိုဝင်ဘာလ၂၃ရက်

ကမ္ဘာ့အစားအသောက်စျေးကွက်တွင် ကုန်စျေးနှုန်းများတက်ခြင်းကို ခံစားနေကြရသည်နှင့် တစ်ပြိုင်နက် အခြားတစ်ဖက်တွင်ပြင်းထန်သည့် ရာသီဥတုအခြေအနေများကြောင့် ကမ္ဘာ့ဆန်ထုတ်လုပ် မှုတွင် (၉၀%) ခန့်ထုတ်လုပ်နေကြသည့် အာရှတိုက်ရှိ အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆန်ထုတ်လုပ်မှုများမှာကျဆင်းဖွယ်ရှိနေကြောင်းသိရပါသည်။ဤအခြေအနေသည်ကမ္ဘာ့စျေးကွက်တွင်လည်းဆန်စျေးနှုန်းများတက်လာဖွယ်ရှိနေပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှုတွင် နံပါတ်(၁)နေရာတွင်ရှိနေသော အိန္ဒိယနိုင်ငံသည် ယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းတွင် ဆန်ထုတ်လုပ်မှုမှာယခင်နှစ်ထက်(၁.၂%) ပိုမိုထုတ်လုပ်ရန်ခန့်မှန်းထားသော် လည်း ဆန်ထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်သော အူဒါပရာဒက်ရှ်နှင့် အနောက်ဘက်ဘယ်ဂလ် တွင်ကြာရှည်စွာမိုးခေါင်မှုကြောင့်လည်းကောင်း၊ ပန်ဂျပ်ပြည်နယ်နှင့်တစ်မီးလ်တို့တွင် လွန်ကဲစွာမိုးရွာ မှုများကြောင့်လည်းကောင်း ခန့်မှန်းထားသလောက် ထုတ်ကုန်မရခဲ့သဖြင့် ပြည်တွင်းဆန်စျေးနှုန်းပင် လျှင် မြင့်တက်သွားခဲ့သဖြင့် ၂၀၂၂ ခုနှစ်စက်တင်ဘာအတွင်း၌ ဆန်လက်ကားစျေးနှုန်းမှာ တစ်ကီလို ဂရမ်လျှင် အမေရိကန်ဒေါ်လာ ၀.၂၄ ထိရောက်ရှိခဲ့ခြင်းသည် ယခင်နှစ်ကာလတူစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၂% မြင့်တက်သွားကြောင်းသိရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုတွင်နံပါတ်(၂)နေရာတွင်ရှိနေပါသည်။ ထိုင်းနိုင်ငံသည်ယခု ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းတွင် ရေအရင်းအမြစ်အားကောင်းမှုကြောင့် ဆန်အထွက်နှုန်းမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် (၂%) မြင့်တက်ခဲ့ပါသည်။ ဆန်အထွက်နှုန်းမြင့်မားမှုကြောင့် ပြည်ပဆန် တင်ပို့မှုမှာလည်း(၃၁%)ထိမြင့်တက်ခဲ့ကြောင်းသိရပါသည်။ဆန်ရောင်းလိုမှုများစွာမြင့်တက်နေခြင်းသည်ဆန်စျေးနှုန်းကိုကျစေသဖြင့်၂၀၂၂ခုနှစ်စက်တင်ဘာအတွင်း၌ဆန်လက်ကားစျေးနှုန်းမှာတစ်ကီလိုဂရမ်လျှင်အမေရိကန်ဒေါ်လာ၀.၈၆ထိရောက်ရှိခဲ့ခြင်းသည်ယခင်နှစ်ကာလတူစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက၅.၆%ကျဆင်းသွားကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံသည်ကမ္ဘာ့ဆန်တင်ပို့မှုတွင်နံပါတ်(၃)နေရာတွင်ရှိနေပါသည်။ဗီယက်နမ်နိုင်ငံ သည်ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်းတွင် ဆန်ရိတ်သိမ်းချိန်ကာလ၌ မြောက်ဘက်ဒေသတွင် အအေးလွန်ကဲသောရာသီဥတုကြောင့်လည်းကောင်း၊တောင်ပိုင်းဒေသတွင်အဆက်မပြတ်မိုးရွာသွန်းမှု များကြောင့်လည်းကောင်း၊ပိုးသတ်ဆေးစျေးနှုန်းနှင့်ဓါတ်မြေသြဇာစျေးနှုန်းများမှာမြင့်တက်နေမှုများ ကြောင့်လယ်သမားများမှပိုးသတ်ဆေးနှင့်ဓါတ်မြေသြဇာများကိုလျော့ပေါ့သုံးစွဲခဲ့ခြင်းများကြောင့်လည်း ကောင်းဆန်ထုတ်လုပ်မှုမှာယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် (၁.၂%) ကျဆင်းခဲ့သည့်အပြင်ဆန်အရည်အသွေး ပိုင်းတွင်လည်းထိခိုက်မှုများစွာရှိခဲ့ကြောင်းသိရပါသည်။

အထွက်နှုန်းကျဆင်းခဲ့ခြင်းသည် ဆန်စျေးနှုန်းကိုမြင့်မားစေခဲ့သည့်အတွက် ဆန်လက်ကား စျေးနှုန်းမှာတစ်ကီလိုဂရမ်လျှင်အမေရိကန်ဒေါ်လာ၀.၄၃ထိရောက်ရှိခဲ့ခြင်းသည်ယခင်နှစ်ကာလတူစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက၇.၅%ထိမြင့်တက်သွားကြောင်းသိရသည်။

ဤသို့ကမ္ဘာ့အစားအသောက်စျေးနှုန်းများမြင့်တက်ခြင်းနှင့်အတူ ကမ္ဘာ့ဆန်စျေးနှုန်းမှာလည်း မမျှော်မှန်းနိုင်သောရာသီဥတုအခြေအနေများကြောင့်စျေးနှုန်းများမှာမတည်ငြိမ်ပဲအတက်အကျဖြစ်နေ မည်ဟုခန့်မှန်းသိရှိရပါသည်။

ရင်းမြစ်-tridge.com

International Trade News

Pages