တောင်ကိုရီးယားကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၎င်းပို့ကုန်အတွက် အခက်အခဲဖြစ်နေသည့်ပြဿနာ(၆)ခုအား WTO TBT ကော်မတီတွင်တရားဝင်ကန့်ကွက်

Mon, 11/21/2022 - 08:00 -- DotBorderdep

၂၀၂၂ခုနှစ်၊နိုဝင်ဘာလ၂၁ရက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရှိကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် နိုဝင်ဘာ(၁၅)မှ(၁၈)ရက်နေ့ထိ ကျင်းပသည့် တတိယအကြိမ်မြောက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအဟန့်အတားကော်မတီ ( Technical Barriers to Trade (TBT)သို့တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပါဝင် တက်ရောက် ပြီး၊ ယင်းအစည်းအဝေးတွင် တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်(၆)ခုတွင် ရင်ဆိုင်နေရသော အခက်အခဲ များကိုဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ TBT Committee သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်(၁၆၄)နိုင်ငံတို့မှ ချမှတ် ထားသော နည်းပညာဆိုင်ရာစည်းမျည်းစည်းကမ်းများသည် ကုန်သွယ်မှုတွင် အဟန့်အတား ပုံစံဖြစ်နေပါက ဖြေရှင်းဆောင်ရွက်ပေးရသည့် ကော်မတီဖြစ်ပြီး၊တစ်နှစ်လျှင်(၃)ကြိမ်စီ ( မတ်လ၊ဇွန်လ၊ နိုဝင်ဘာ)လများတွင် ကျင်းပလေ့ရှိပါသည်။

ယခုနိုဝင်ဘာ(၁၅)မှ(၁၈)အတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးတွင် တောင်ကိုရီးယား နိုင်ငံ သည်ဥရောပသမဂ္ဂ၊ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့မှ ချမှတ်ထားသည့်နည်းပညာဆိုင်ရာ စည်းမျည်းစည်းကမ်း (၅)ခု အပေါ်အသေးစိတ်ကုန်သွယ်မှုဆိုင်ရာပြဿနာ ( specific trade issues (STC) အဖြစ် တရားဝင် ကန့်ကွက်ခဲ့ပါသည်။ အသေးစိတ်ကုန်သွယ်မှုဆိုင်ရာပြဿနာ ( specific trade issues (STC) ဆိုသည်မှာ ကုန်သွယ်မှုတွင် အဟန့်အတားကြီးကြီးမားမားဖြစ်နေခြင်း (သိုမဟုတ်)အရေးပေါ်ဖြေရှင်း ဆောင်ရွက်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်နေခြင်းစသည့် ကိစ္စများအကျုံးဝင်ပါသည်။တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်သော လျှပ်စစ်နှင့်ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ ကိရိယာအပေါ်တွင် ဥရောပသမဂ္ဂ မှချမှတ်ထားသည့် စည်းမျည်းစည်းကမ်းများသည် နောင်တွင်ကုန်သွယ်မှု အဟန့်အတားကိုဖြစ်စေသည့် အတွက် သင့်တင့်မျှတသည့်အစီအမံများကိုသာ ချမှတ်စေရေး နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ် ကြောင်းလည်းဖေါ်ပြထားပါသည်။

ရင်းမြစ်-yunhap news/  wto.org

International Trade News

Pages