တရုတ်နိုင်ငံမှ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်တွင် Belt and Road Initiative ထိပ်ဆုံးကပါဝင်

Tue, 01/03/2023 - 04:54 -- wtodep

နိုင်ငံတကာအသိုင်းအဝန်း၏ အကျိုးစီးပွားအတွက် ပိုမိုဆောင်ရွက်ပေးနိုင်ရေးအလို့ငှာ တရုတ်နိုင်ငံက ဦးဆောင်နေသည့် Belt and Road Initiative ကို နောင်နှစ်တွင် ဆောင်ရွက်မည့်အစီအစဉ်၌ အဓိကဖြစ်ကြောင်း တရုတ်အရာထမ်းများက ပြောဆိုကြပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူဝမ်ရိက တရုတ်နိုင်ငံသည် တတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၂၃ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်သည် သမ္မတရှီကျင်းဖျင်မှ Belt and Road ကို အဆိုပြုခဲ့သည့် ၁၀ နှစ် ပြည့်မြောက်သည့် နှစ်လည်းဖြစ်ကြောင်း၊ ပထမနှင့်ဒုတိယအကြိမ် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်များကို ပေကျင်းမြို့၌ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် နိုင်ငံတကာခေါင်းဆောင်များ ပါဝင်မှုဖြင့် ကျင်းပခဲ့ကြောင်း၊ Belt and Road ၏ အောင်မြင်မှုများကို Blue Print ရေးဆွဲပြီး ယခုလမ်းမှတဆင့် တကမ္ဘာလုံး တိုးတက်အောင်မြင်ရန်နှင့် လူသားတိုင်းပျော်ရွှင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် Belt and Road ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လာပြီး ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်တွင်ပင် တရုတ်နိုင်ငံနှင့် Belt and Road အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုသည် ၁၁ လအတွင်း ၂၀.၄ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် Belt and Road ထပ်တိုးအဖွဲ့ဝင် ၅ နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၀ နှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၂ ခုမှ Belt and Road အစီအစဉ်တွင် ပါဝင်နေပြီဖြစ်ကြောင်း၊ အဆိုပါအချက်မှာ အမြင့်ဆုံးနိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂမှအခြေခံထားသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာကာ တူညီဆန္ဒတည်ဆောက်၍ ရရှိလာသော အင်အားဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်၊ Renmin တက္ကသိုလ်မှ ပါမောက္ခဖြစ်သူဝမ်ရိက တရုတ်သည် ကမ္ဘာ့ကုန်စည်အများစုနှင့် မမျှော်မှန်းနိုင်သော စွန့်စားမှုများကို ထိန်းချုပ်ကွပ်ကဲနိုင်သော နိုင်ငံတစ်ခုဖြစ်လာကြောင်း၊ တရုတ်သည် COVID-19 ဆေးမှစ၍ ကုန်စည်မျိုးစုံကို ထောက်ပံ့ပေးနိုင်ကြောင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် BRI မှတဆင့် တရုတ်၏နည်းလမ်းဖြစ်သော  ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းသော တိုးတက်မှုဖြစ်စဉ်၊ အဆင့်အတန်းမြင့်မားသော ပွင့်လင်းမြင်သာမှုနှင့် မတူညီသော ယဉ်ကျေးမှုများအကြား ဆွေးနွေးညှိနှိုင်းမှုများကို အားပေးသွားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ သံတမန်ရေးရာအခြေအနေသည် အမြင့်မားဆုံးအခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူဝမ်ရိက တရုတ်နိုင်ငံသည် နိုင်ငံခြားရေးရာကိစ္စရပ်များတွင် အပြန်အလှန်ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ ရုရှား၊ အမေရိကန်၊ ဥရောပနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့်လည်း ၎င်းတို့၏အခွင့်အရေးများကို ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source:https://www.chinadaily.com.cn/a/202212/25/WS63a85e60a31057c47eba6083.html

International Trade News

Pages