ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် ကမ္ဘာ့အစားအသောက်ပြတ်လတ်မှုပြဿနာကို ရင်ဆိုင်နိုင်ရန် အင်ဒိုနီးရှား စီမံဆောင်ရွက်မှုများပြုလုပ်

Wed, 11/16/2022 - 08:24 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့

ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် ကမ္ဘာ့အစားအသောက်ပြတ်လတ်မှုပြဿနာအား ရင်ဆိုင်နိုင်ရန်အတွက် ပြည်တွင်းထွက်ကုန်အစားအသောက်များကို ပိုမိုခိုင်မာလာစေရန် အမျိုးမျိုးသောနည်းဗျူဟာများ အသုံးပြု၍ ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး ဌာန၏ထိပ်တန်းအကြီးအကဲ Kuntoro Boga Andri မှ အခိုင်အမာပြောကြားလိုက်သည်။ ၎င်းပြင် ဆန်ထုတ်လုပ်မှုကိုလည်း ပြည်တွင်းဖူလုံအောင် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အခြား နည်းလမ်းပေါင်းများစွာဖြင့်လည်း လစ်ဟာမှုမရှိအောင် ကြိုတင်စီမံဆောင်ရွက်ထားကြောင်း၊ ဆန် အစားထိုးနိုင်သည့် အစားအသောက်ကုန်ကြမ်းများစွာကိုလည်း အရန်အဖြစ် ထားရှိကြောင်း ထပ် လောင်းပြောကြားပါသည်။

အစိုးရအနေဖြင့် ကစီဓါတ်များသော ကုန်ပစ္စည်း(၆)မျိုးကို အရံအစားအသောက်များအဖြစ် ရွေးချယ် ထားကြောင်းနှင့် ယင်းတို့မှာ ပီလောပီနံမှုန့်၊ ပြောင်း၊ သာကူ၊ ငှက်ပျောသီး၊ အာလူးနှင့် ပိန်းဥ တို့ ဖြစ်ကြောင်းနှင့် ကမ္ဘာ့အစားအသောက်ပြတ်လတ်မှု ပြသနာကိုရင်ဆိုင်နိုင်ရန်အတွက် အင်ဒိုနီးရှား တွင် ယင်းအစားအသောက်(၆)မျိုးမှာ ပြည့်စုံလုံလောက်စွာရှိကြောင်း ထပ်လောင်း ပြောကြား ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကမ္ဘာ့အစားအသောက်ပြတ်လတ်/ ခြိမ်းခြောက်မှုနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများ၏ အကျိုးဆက်ရလဒ်ကိုသိသိသာသာ ကျရောက်နိုင်ဖွယ်မရှိသော်လည်း အာဖရိက တိုက်နှင့် အာရှတိုက်မှ နိုင်ငံများစွာကို ထိခိုက်ကျရောက်နိုင်ကြောင်းနှင့် စီးပွားရေးအင်အားကြီးနိုင်ငံ များဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၌ပင် ယင်းပြသနာများ၏ ခြိမ်းခြောက်မှုများရှိလာနိုင် သည်ဟု ၎င်းမှပြောကြားခဲ့ကြောင်း သိရပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆန်သိုလှောင်မှုမှာလည်း လုံလုံလောက်လောက်ရှိသဖြင့် အစား အသောက်နှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (Food and Agriculture Organization-FAO) နှင့်နိုင်ငံ တကာ ဆန်စပါးသုတေသနအဖွဲ့ (International Rice Research Institute-IRRI) တို့မှအင်ဒိုနီးရှား နိုင်ငံ၏ စိုက်ပျိုးရေးနည်းစနစ်များကို ချီးကျူးထောပနာပြုကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂၀၂၂ခုနှစ် ဇူလိုင်လအထိ အရန်ဆန်တန်ချိန်(၁၀)သန်းကျော်ရှိကြောင်းနှင့် လယ်သမားများမှလည်း အဓိကစိုက်ပျိုးသည့်အချိန် အောက်တိုဘာလမှမတ်လအတွင်းတွင် စိုက်ပျိုးနိုင်ရေးစတင်ဆောင်ရွက် နေပြီဖြစ်သဖြင့် ကမ္ဘာ့အစားအသောက်ပြတ်လတ်မှုပြသနာကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စိုးရိမ်ရန် မလိုအပ်ကြောင်း ၎င်းမှထပ်လောင်းပြောကြားပါသည်။

ရင်းမြစ်-indonesia-kaya-dengan-pangan-lokal-alternatif-hadapi-krisis-pangan

International Trade News

Pages