ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း

Mon, 01/16/2023 - 09:15 -- Dotbilateral

ကမ္ဘာ့စီးပွားရေးသည် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်ပျက်သွားပြီး နိုင်ငံတိုင်းနှင့် ကုန်ပစ္စည်းအားလုံးလိုလိုတွင် ငွေကြေးဖောင်းပွမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လျက်ရှိပါသည်။ မသေချာမရေရာမှုများက စီးပွားရေးကို အကျဘက်သို့ ဦးတည်နေပြီး စွမ်းအင်ပြတ်တောက်မှုကြောင့် ဈေးနှုန်းများ မြင့်မားလာနိုင်ပါသည်။

အတိုးနှုန်းများ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုကို တားဆီးရန် လိုအပ်နေသလို ငွေကြေး ဆိုင်ရာ ထိခိုက်နစ်နာမှုများလည်း မြင့်တက်လာလျက်ရှိပါသည်။ ရုရှား- ယူကရိန်း ပဋိပက္ခသည် ဝင်ငွေ နည်းသော နိုင်ငံများတွင် ကြွေးမြီပြဿနာနှင့် စားနပ်ရိက္ခာမလုံလောက်မှု အန္တရာယ်များကို ပိုမိုဖြစ်ပေါ် လာစေပါသည်။

ကမ္ဘာကြီးသည် ကြီးမားသော စွမ်းအင်စျေးနှုန်း လှုပ်ခတ်မှုနှင့်ရင်ဆိုင်နေရပြီး ရုရှား - ယူကရိန်း ပဋိပက္ခသည် ၁၉၇၀ ခုနှစ်များကတည်းက မမြင်တွေ့ခဲ့ရသော စွမ်းအင်စျေးနှုန်း အကြီးအကျယ်       မြင့်တက်မှုကို ဖြစ်စေခဲ့ပါသည်။

စွမ်းအင်စျေးနှုန်းများ မြင့်တက်မှုသည် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေပြီး ဥရောပ၌ ဓာတ်ငွေ့သိုလှောင်မှု ပြတ်တောက်သွားပါက စီးပွားရေးပိုမိုဆိုးရွားလာမည်ဖြစ်ပါသည်။ အဆိုပါ အချက် သည် ဥရောပတွင် ဓါတ်ငွေ့ခွဲတမ်းခွဲတမ်းစနစ်ဖြစ်ပေါ်စေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများကို ထိခိုက်နစ်နာစေနိုင်ပါသည်။ ဥရောပနှင့် ကမ္ဘာ တစ်ဝှမ်းတွင် ကုန်စျေးနှုန်းများ မြင့်မားလာကာ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းမည်ဖြစ်သည်။

စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်း

ပိုမိုတင်းကျပ်သော ငွေကြေးမူဝါဒနှင့် အတိုးနှုန်းမြင့်မားခြင်း၊ စွမ်းအင်စျေးနှုန်းမြင့်တက်ခြင်း၊ အိမ်ထောင်စုအမှန် ဝင်ငွေတိုးတက်မှုအားနည်းခြင်းနှင့် ယုံကြည်မှုကျဆင်းခြင်းတို့သည် စီးပွားရေး တိုးတက်မှုကို တဖြည်းဖြည်းလျော့နည်းကျဆင်းသွားစေမည်ဟု မျှော်မှန်းရပါသည်။ အမေရိကန်နှင့် ဥရောပတို့သည် စီးပွားရေးသိသိသာသာ နှေးကွေးနေပြီး အာရှမှ စီးပွားရေးထွန်းသစ်စနိုင်ငံများသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ GDP တိုးတက်မှု၏ လေးပုံသုံးပုံနီးပါးအထိ ရှိလာမည်ဟု မျှော်လင့် ရပါသည်။ ကမ္ဘာ့ GDP တိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၂.၂ % ရှိမည်ဟု ခန့်မှန်းထားပါသည်။

ငွေကြေးဖောင်းပွမှုသည် ၂၀၂၃ ခုနှစ်တွင် ဆက်လက်မြင့်မားနေမည်ဖြစ်သော်လည်း အလယ်အ လတ်မျှသာရှိမည်ဖြစ်ပါသည်။ စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်စေသည့် ယူကရိန်းပဋိပက္ခ ကြောင့် ငွေကြေးဖောင်းပွမှု ဖိအားများ ပိုမိုပြင်းထန်လာခဲ့ပါသည်။

 စွမ်းအင်စျေးနှုန်းမြင့်တက်မှုသည် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ တိုးမြင့်လာစေ သော်လည်း ပိုမိုတင်းကျပ်သော ငွေကြေးမူဝါဒနှင့် စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းသည် နောက်ဆုံး တွင် ငွေကြေးဖောင်းပွမှုကို အလယ်အလတ် အဆင့်၌သာ ရှိနေစေမည်ဖြစ်ပါသည်။

Source: www.oecd.org/economic-outlook/november-2022

(OECD စီးပွားရေးအလားအလာ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ)

International Trade News

Pages