ကော့သောင်းကုန်သွယ်ရေးစခန်းတွင် နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်း၍ ကုန်စည်ကူးသန်းရောင်းဝယ်ရေး စည်ကားလျက်ရှိ

Fri, 09/23/2022 - 08:41 -- mocadmin

   ကော့သောင်းကုန်သွယ်ရေးစခန်းမှ (၂၀-၉-၂၀၂၂) ရက်နေ့တွင် ပို့ကုန်အနေဖြင့် ငါးမျိုးစုံ (၈၆၀) တန်၊ တန်ဖိုး (၀.၉၃၆) ဒေါ်လာသန်းနှင့် သီဟိုစေ့ (၅) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာ သန်း တင်ပို့ခဲ့ပါသည်။ သွင်းကုန်အနေဖြင့် ဓာတုကုန်ကြမ်းများ (၃၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၁၇) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် ပီလောပီနံ မှုန့် (၉၀) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပြီး နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းစွာဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကား စည်ကားလျက်ရှိကြောင်း သိရှိရပါ သည်။

   ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ Designated Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ စသည့်ဘဏ်များဖြင့် ဆောင်ရွက်လျက်ရှိ၍ ငွေကြေးဈေးကွက်တည်ငြိမ်လာပြီး (၂၁-၉-၂၀၂၂) ရက်နေ့ ပြင်ပငွေလဲနှုန်း မှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၁၇၆) ၊ (၁) ဘတ်လျင် မြန်မာငွေကျပ် (၈၅) ကျပ်ခန့် ရှိပါကြောင်း သိရှိရပါသည်။

Border Trade News

Pages