ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနကို မတ်လ (၁၅)ရက်နေ့၊ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်ပြီး ရုံးချုပ်တွင် အောက်ပါ ဌာနခွဲ (၁၀)ခုဖြင့် ပါဝင်ဖွဲ့စည်းထားပါသည် -
(က) စီမံရေးရာဌာနခွဲ
( ခ ) ငွေစာရင်းဌာနခွဲ ( ဂ ) ကုန်သွယ်မှုစာရင်းအင်းဌာနခွဲ (ဃ) ပို့ကုန်လုပ်ငန်းဌာနခွဲ ( င ) သွင်းကုန်လုပ်ငန်းဌာနခွဲ ( စ ) ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုဌာနခွဲ (ဆ) ဒေသတွင်းကုန်သွယ်မှုဌာနခွဲ ( ဇ ) ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲ ( ဈ ) စားသုံးသူရေးရာဌာနခွဲ (ည) ကုန်သွယ်မှုဆိုင်ရာညှိနှိုင်းကွပ်ကဲရေးဌာနခွဲ ( ဋ ) နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆) ခု (ဌ) တိုင်းနှင့်ပြည်နယ်ရုံးခွဲများ ရုံးခွဲများအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် နယ်စပ် ကုန်သွယ်ရေးစခန်း (၁၃)ခု၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေး တိုင်းဒေသ ကြီးတို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။
|
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်
(က) ကုန်သွယ်ရေးမူဝါဒနှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများအား ပိုမိုတိုးတက်လာစေရန်
( ခ ) ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာမက၊ နယ်စပ်ကုန်သွယ်မှု အခွင့်အလမ်းများပါ တိုးတက်လာစေရန်
( ဂ ) ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့စေရန်
(ဃ) ကုန်ဈေးနှုန်းများသည် ပြည်သူလူထုအား ဖိစီးမှုမဖြစ်စေရန်
( င ) အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်ပယ်တွင် မိမိနိုင်ငံမှ စားသုံးသူများအား အကာအကွယ် ရရှိစေရန်
( စ ) ပြည်တွင်းမှတင်ပို့မည့် ပစ္စည်းများအား ကမ္ဘာ့ဈေးကွက်တွင် စံချိန်စံညွှန်းမှီပစ္စည်းများ ဖြစ်ပြီး ဈေးကောင်းရရှိစေရန်
ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန
(ဖွဲ့စည်းပုံ)