မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ဆိုင်ရာ အောက်ခြေအဆင့် အရာရှိများ အစည်းအဝေး ကျင်းပမည်

Thu, 05/16/2013 - 05:27 -- admin

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 38 PM

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ အောက်ခြေအဆင့် အရာရှိများ ပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေး အတွက် အကြိုညှိနှိုင်း အစည်းအဝေးကို သီးခြား ခေါ်ယူရန် လိုအပ်ကြောင်း၊ တစ်ဖက် နိုင်ငံတွင် အစည်းအဝေး မတက်ရောက်မီ မိမိတို့ဖက်ခြမ်း၌ တက်ရောက်မည့် ဌာနဆိုင်ရာများ၊ ကုန်သည်များ အကြိုညှိနှိုင်း အစည်းအဝေးကို မဖြစ်မနေ ကျင်းပရန် လိုအပ်ကြောင်း၊ ယင်းအစည်းအဝေးတွင် ဆွေးနွေးလိုသည့် အချက်များကို တင်ပြကြမည် ဖြစ်ကြောင်းကို မောင်တောကုန်သည်များအသင်းဥက္ကဌမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မောင်တောမြို့ ဒေဝါနဒီ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ကုန်သည်များအနေဖြင့် ကုန်သွယ်မှုအပိုင်းတွင် မိမိတို့ဖက်မှ လိုအပ်ချက်များကို ထိထိ ရောက်ရောက် ဆွေးနွေးဖို့လိုပါကြောင်း၊ လိုအပ်သည့် အခွင့်အရေး ကိုလည်း ထိထိရောက်ရောက် တောင်းခံဖို့ လိုပါကြောင်း၊ မိမိတို့ဖက်မှ ပို့ကုန်တင်ပို့မှုအပိုင်းတွင် တစ်ဖက်နိုင်ငံမှ ကန့်သတ်မှုများအပေါ် ဖြေလျော့ ပေးစေလိုသည့် အချက်များ ရှိပါကလည်း တရားဝင်တောင်းဆိုနိုင်ပါကြောင်း၊ သို့မှသာနှစ်နိုင်ငံကုန်သွယ်မှုတွင် မိမိတို့ကုန်သည်များ နစ်နာဆုံးရှုံးမှုများမှ ကင်းဝေးမည်ဖြစ်ပါကြောင်း ကိုမောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source နကသ (မောင်တော)                                                                                                        ခင်မိုးသူ