တမူးတွင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက်ဆွေးနွေး

Thu, 05/16/2013 - 05:27 -- admin

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  03 း 38 PM

နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ တမူးရဲ့ ဖေဖော်ဝါရီလအတွက် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီမှာ အဆိုပါရုံးရှိ အစည်း အဝေးခန်းမမှာ ကျင်းပရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ITC လုပ်ငန်း ရှင်များနှင့် ကားဂိတ် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သတင်းရရှိပါတယ်။ .......... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ဆွေးနွေးပွဲမှာ တမူး နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ကုန်သည် လုပ်ငန်းရှင်များရဲ့ အခက် အခဲ များကို သိရှိလိုကြောင်း၊ ကုန်သွယ်မှု အခက်အခဲ များရှိပါက ပွင့်ပွင့် လင်းလင်း ဆွေးနွေးရန် လိုကြောင်း၊ ဌာန အနေဖြင့် လိုင်စင် လာလျှောက် တဲ့အခါ ချက်ချင်း ရနိုင်သည် အထိ လျော့ချ ပေးခဲ့ကြောင်း၊ ဒါ့အပြင် ကုမ္ပဏီ မထောင်နိုင်သော ကုန်သည် အသေးစား များအတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်/ သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် (Individual Trading Card - ITC) များ ပြုလုပ်ပေး၍ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး၊ နိုင်ငံတော် အတွက် ထိုက်သင့်တဲ့ အခွန်အခများ ရရှိရေး၊ ကုန်သည် အကြီးအသေး မခွဲခြားဘဲ နိုင်သည့်ဝန်ဖြင့် လွတ်လပ်စွာ ကုန်သွယ်မှု ပြုနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ကုမ္ပဏီ လုပ်ငန်းရှင်များသာ ကုန်သွယ်မှု ပြုရာမှာ ယခုအခါ ITC လုပ်ငန်းရှင်များပါ ကုန်သွယ်မှု ပြုလာသဖြင့် ကုန်သွယ်မှုမှာ ယခင်ထက် တိုးတက်ရမှာ ဖြစ်ကြောင်း၊ တိုးတက် အောင်လည်း ပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း၊ တရားမဝင် ကွမ်းစား ဆေးနဲ့ ပတ်သက်၍ ဆွေးနွေး တင်ပြလိုကြောင်း၊ ကွမ်းစားဆေး Signal 350 ကဲ့သို့ သွင်းကုန် ပစ္စည်းများမှာ  Tobacco Kill ဟု စာတမ်းဖြင့် ထုတ်လုပ် ထားပြီး ပြည်သူများမှ စားသုံးရန် မသင့်သော်လည်း အချို့ကုန်သည် လုပ်ငန်းရှင်များမှ တရားမဝင် တင်သွင်းခြင်း၊ ရောင်းချခြင်းများ ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ FDA မှလည်း ပြည်သူများ စားသုံးရန် မသင့်ကြောင်း ကြေငြာ ထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှု ပြုရာတွင် မိမိအကျိုး၊ နိုင်ငံတော် အကျိုး၊ ပြည်သူများ အကျိုးကို ကြည့်၍ ကုန်သွယ်မှု ပြုသင့်ကြောင်း ထည့်သွင်း ဆွေးနွေး ခဲ့ပါ တယ်။

တမူးနယ်စပ် ကုန်သွယ်ရေးအသင်း ဒုတိယဥက္ကဌ ဦးဝင်းတင်မှလည်း ကုန်သည်အသင်း အနေဖြင့် ITC ကတ်ဖြင့် ဆောင်ရွက် နေတဲ့ လုပ်ငန်းရှင် ငယ်များရဲ့ အခက်အခဲကို တင်ပြလိုပါကြောင်း၊ ITC မှတ်ပုံတင်ကတ် ကို (၆၅) ဦး လုပ်ထား သော်လည်း ယခုလ (၄ဝ) ဦးသာ ဆောင်ရွက် နိုင်ပြီး ကျန် ၂၅ ဦး ဆောင်ရွက် နိုင်ခြင်း မရှိသေးကြောင်း၊ လေ့လာ ကြည့်ရာမှာ တော့ စားသောက်ကုန် တင်သွင်းမဲ့ လုပ်ငန်းရှင်များ ဖြစ်နေကြောင်း၊ ITC အခက် အခဲကြောင့် လောလောဆယ် ကုန်သွယ်မှု မဆောင် ရွက်နိုင်သေးတာ တွေ့ရှိ ရပါကြောင်း၊ ITC ရုံးခွဲများ တမူးမှာ လာရောက် ဖွင့်လှစ်နိုင်ပါက စားသောက် ကုန်နဲ့ ပတ်သက် တဲ့ အခက် အခဲများ ဖြေရှင်း နိုင်မည် ဖြစ်ပြီး ကုန်သွယ်မှုပါ မြင့်တက် လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

 

လှမင်းထွန်း (တမူး)