H.S Code 2012 Version ကို ဧပြီ ၁ ရက်မှ စတင်ကျင့်သုံး

Wed, 04/04/2012 - 04:50 -- Anonymous (not verified)

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်း၊ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကုန်ပစ္စည်းအမယ်များ၊ ယူနစ် (Unit) သတ်မှတ်ချက်များကို အာဆီယံစည်းဝါးညီ အကောက်ခွန်နှုန်းအမည်ပေးစနစ်ကို ယခင်က H.S Code 2007 Version ဖြင့် ဆောင်ရွက်လျက်ရှိရာမှ ယခု ၁-၄-၂၀၁၂ ရက်မှစတင်၍ H.S Code 2012 Version  စနစ်ကိုပြောင်းလဲဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အကောက်ခွန်ဦးစီးဌာန၊ ဆိပ်ကမ်းစစ်ဆေးရေးနဲ့ ဗဟိုစာရင်းအင်းအဖွဲ့တို့မှာလည်း စာရင်းဇယားပြုစု တဲ့ပုံစံတွေကို အာဆီယံစည်းဝါးညီ အမည်ပေးစနစ်အတိုင်း အာဆီယံနိုင်ငံများက သိရှိထားတဲ့ အသုံး အနှုန်းများအတိုင်း လိုက်နာကျင့်သုံးကြတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် H.S Code 2012 Version စနစ်သစ်မှာ ကုန်ပစ္စည်းအမယ်တွေရဲ့ Unit Code အမျိုးအစား ၁၂ မျိုးကို Harmonized System  လိုင်းများအလိုက် စံသတ်မှတ်ထားရှိပြီးဖြစ်တဲ့အတွက် ပြည်ပကုမ္ပဏီများနဲ့ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဆောင် ရွက်နေတဲ့ Invoice, Sales Contract  ဆောင်ရွက်တဲ့အခါနဲ့ ပို့ကုန်၊ သွင်းကုန် လိုင်စင်များ လျှောက်ထားကြတဲ့အခါ အဆိုပါ H.S Code  စံသတ်မှတ် ချက်အတိုင်းလျှောက်ထားကြရမယ်လို့သိရှိရပါတယ်။ ယခုအခါ ကုန်ပစ္စည်းအလိုက် Kilogrammes ရဲ့ Unit Code ကို (Kg)၊ Carat ရဲ့ Unit Code ကို (Carat)၊ Meters ရဲ့ Unit Code ကို (m)၊Square Meters  ရဲ့ Unit Code ကို (m2)၊ Cubic Meters ရဲ့ Unit Code ကို  (m3)၊ Litres ရဲ့ Unit Code ကို (L)၊ 1000 Kilowatt hours ကို (1000 kWh)၊ Pairs  ရဲ့ Unit Code ကို (2u)၊ Dozens ရဲ့ Unit Code ကို (12u)၊ Thousands of pieces/items  ရဲ့ Unit Code ကို (1000u) နဲ့ Packs ရဲ့ Unit Code ကို u(jeu/pack) နဲ့ စံသတ်မှတ်ထားတယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် အာဆီယံစည်းဝါးညီအကောက်ခွန်နှုန်း အမည်ပေးစနစ် (The Harmonized System) ကို ကုန်သွယ်မှုဆိုင်ရာ တင်ပို့၊ တင်သွင်းသူလုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်သူများအကြား တင်ပို့၊ တင်သွင်း သည့်ကုန်ပစ္စည်းအမည်ကို ရှင်းလင်း လွယ်ကူစေရန်အတွက် တညီတညွတ်တည်းသတ်မှတ်ရန် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုအခြေအနေ၊ ကမ္ဘာပေါ်ရှိ ကုန်ပစ္စည်းထုတ်လုပ်သည့် လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်၍ ဆွစ်ဇာလန်ရှိ ကမ္ဘာ့အကောက်ခွန်ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေး WCO  မှာ ကုန်ပစ္စည်းအမျိုး အစားအလိုက်ပြင်ဆင်ချက်များကို ညှိနှိုင်းအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် H.S Code ပြင်ဆင်ချက် စာအုပ်တွင် Section ၂၁ ခု၊ Chapter ၉၇ ခု ပါဝင်ပြီး ယခု Version စာအုပ်သစ်တွင် မြန်မာနိုင်ငံ ငါး၊ ပုစွန်ဆိုင်ရာ အမည်လိုင်းသစ် ၃၃ လိုင်း၊ ကျောက်မျက်ပစ္စည်း လိုင်းသစ် ၅လိုင်းကို အသစ်ပြင်ဆင်ခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။    
မအေးအေး (ကမရ)