အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍအလိုက်ရုံးအဖွဲ့များနှင့် အပါတ်စဉ်ပုံမှန်ညှိနှိုင်းဆွေးနွေးခြင်း

Thu, 05/26/2016 - 00:00 -- ictuser

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍအလိုက် ရုံးအဖွဲ့များနှင့် အပါတ်စဉ်ပုံမှန်ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို (၂၃.၅.၂၀၁၆) ရက် နံနက် (၁၀း၃၀) နာရီ မှ နေ့လည် (၁၂း၀၀)နာရီထိ နာရီထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး   ပဉ္စမထပ်ရှိ အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုဗဟိုဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါ  သည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးမှ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ရုံးအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာန အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား NES Action Plans များကို ဖတ်ကြားရန်မှာကြားပြီး၊ ITC မှ အကြံပေးပုဂ္ဂိုလ်က   ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အမှုထမ်းအရာထမ်းများနှင့် စီးပွားကူးသန်းဝန်ထမ်းများအား  ရှင်းလင်းပြောကြားဆွေးနွေးသွားပါသည်။ ဝန်ထမ်းများကလည်း မိမိတို့သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး (၁) ဦး၊ ITC မှ အကြံပေးပုဂ္ဂိုလ် (၁) ဦးနှင့် ကဏ္ဍအလိုက် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန် ကြီးဌာနမှ ကိုယ်စားလှယ်များ စုစုပေါင်း (၉)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။