ရခိုင်ပြည်နယ်မှဘင်္ဂလားဒေ့ရှ်သို့ အမယ်သစ်(၂)မျိုးတင်ပို့

Mon, 11/21/2022 - 08:09 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက်နေ့

      ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုဝင်ဘာလ တတိယအပတ် အတွင်းတွင် အနွေးထည်နှင့်အနွေးစီးဖိနပ်အမယ်သစ် ကုန်စည်(၂)မျိုး ကိုတင်ပို့ခဲ့ကြောင်းသိရ သည်။

ကုန်သွယ်မှုပမာဏအားဖြင့်အနွေးထည်(၁၆၀၀)နှင့်အနွေးစီးဖိနပ်(၁၀၀၀)ပို့နိုင်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိ ကြောင်းသိရသည်။

Border Trade News

Pages