ပြောင်းချဉ်ဖတ် (Maie Silage) တင်ပို့ခြင်း

Wed, 11/16/2022 - 09:46 -- DotBorderdep

       ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

       မူဆယ်နယ်စပ်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် တစ်တန်လျှင် (၉၅၄)ယွမ် ဈေးနှုန်းဖြင့် ပြောင်းချဉ်ဖတ် (၃၀၀) တန်၊ တန်ဖိုး (၂၈၆၂၀၀) ယွမ်ကို မော်တော်ယာဉ်(၁၀)စီးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

       အဆိုပါပြောင်းချဉ်ဖတ် တင်ပို့မှုအတွက် တရုတ်ဘက်မှ အခွန်သက်သာခွင့် Form E ခံစားခွင့် ရရှိခဲ့တယ် လို့သိရပါသည်။

      KANGRUI (MYANMAR) AGRICULTRUE & LIVESTOCK DEVELOPMENT CO.,LTD က ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ပြောင်းချဉ်ဖတ်(၃၀)တန်၊ တန်ဖိုး(၇၂၉၀၀)ယွမ် တင်ပို့ခဲ့ပါသည်။

       ကုမ္ပဏီအနေဖြင့် လားရှိုးမြို့တွင် စက်ရုံတည်ထောင်ထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိရာ တရုတ် နိုင်ငံသို့ ဆက်လက်တင်ပို့နိုင်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages