တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသော ကုန်သွယ်မှုနှင့်ကုန်စျေးနှုန်းအခြေအနေ

Mon, 01/16/2023 - 08:41 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့ အထိ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်အနေဖြင့် စီးကရက် တန်ချိန် (၃၅.၇၃၁)တန်၊ တန်ဖိုး(၀.၁၄၇)၊ နန့်ဖာလုံကုန်စုံ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်း၊ CMP ဖိနပ် (၆၀၀၀၀) PR၊ တန်ဖိုး (၀.၁၈၀) ဒေါ်လာသန်း ၊ ကွမ်းသီး တန်ချိန် (၂၈.၈၀၀) တန်၊ တန်ဖိုး(၀.၀၂၅) ဒေါ်လာသန်း စုစုပေါင်းပို့ကုန် တန်ဖိုး(၀.၄၀၁) ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။ သွင်းကုန်ပိုင်းတွင် ဓာတ်မြေဩဇာ တန်ချိန် (၁၃၃၀.၀၀)တန် ၊ တန်ဖိုး (၀.၃၇၀)၊ဆံပင် တန်ချိန် (၇.၀၂၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၃၉၇)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုး(၀.၇၉၈)ဒေါ်လာသန်းကုန်သွယ်မှုပြုနိုင်ခဲ့ပါသည်။

            ဇန်နဝါရီလ (၁၆)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ(၂၆၀၀) ကျပ်၊ ၁ဒေါ်လာ (၈၁.၂၆) ရူပီး၊ ၁ရူပီး(၃၂)ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီးဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

            တမူးမြို့၏အခြေခံစားသုံးကုန်စျေးနှုန်းများမှာဧည့်မထဆန်တစ်အိတ် (၄၉၅၀၀) ကျပ် ၊ ပေါ်ဆန်းမွှေးတစ်အိတ် (၁၀၅၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၂၀၀၀) ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ကြက်ဥ (၁) လုံး (၂၅၀) ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၅၀၀၀) ကျပ် ၊ ငရုတ်သီး တစ်ပိဿာ (၁၉၅၀၀) ကျပ် ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

             ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ အိန္ဒိယနိုင်ငံဖက်မှ၂၀၂၀ မတ်လ၁၀ရက်မှ စ၍ ယနေ့ထိဂိတ်ပိတ်ထားဆဲဖြစ်ကြောင်းသိရှိရပြီးလုံခြုံရေးအခြေအနေနှင့်လမ်းပန်းဆက်သွယ်မှုအခြေအနေမှာ ပုံမှန်ကူးသန်းသွားလာရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages