စစ်တွေကုန်သွယ်ရေးစခန်း၏ ဇန်နဝါရီလ ဒုတိယပတ် ကုန်သွယ်မှု

Mon, 01/16/2023 - 08:46 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိရာ ယခုအပတ်အတွင်း စစ်တွေကုန်သွယ်ရေးစခန်းမှ (၀.၁၇၇၆) ဒေါ်လာသန်း တင်ပို့ရောင်းချခဲ့ပါသည်။

ယခုအပတ်အတွင်း အကောက်ခွန်ဌာန၏ စာရင်းဇယားများအရ ဘင်္ဂလားဒေ့ရှ့်နိုင်ငံမှ ကုန် ပစ္စည်းတင်သွင်းခြင်းမရှိသော်လည်း မြန်မာနိုင်ငံဘက်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ တက္ကနဗ်မြို့သို့ မန်ကျည်းစေ့၊ ဆီးဖတ်၊ အုန်းသီး၊ အုန်းသီးခြောက် ၊ ချင်း (အစို)၊ စစ်တုံဥ၊ ဆီးယိုထုပ်၊ ဆီးသီးခြောက်၊ ထန်းလျက်နှင့် ငါးခရုတို့ တင်ပို့ရောင်းချခဲ့ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ဇန်နဝါရီလ ပထမအပတ်အတွင်း ကုန်သွယ်မှု ပမာဏမှာ (၀.၂၃၅၂) ဒေါ်လာသန်း ရှိပါသဖြင့်နှင့် ဒုတိယအပတ်အတွင်း ကုန်သွယ်မှုနှင့်နှိုင်း ယှဉ်ပါ သွင်းကုန်ပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှုမရှိခဲ့ပါသဖြင့် ယခင်အပတ်ထက်ကုန်သွယ်မှု ပမာဏ (၀.၀၅၇၆) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။

Border Trade News

Pages