ရခိုင်ပြည်နယ်မှဘင်္ဂလားဒေ့ရှ်သို့အုန်းသီးခြောက်တင်ပို့မှုဆက်တိုက်ရှိ

Wed, 11/23/2022 - 06:01 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်နေ့

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေသည့် လယ်ယာ ထွက် ကုန်အုပ်စုအောက်မှတင်ပို့နေသည့်အုန်းသီးခြောက်တင်ပို့သည့်ပမာဏမှာယခု၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ဧပြီမှစက်တင်ဘာလထိ(၆)လအတွင်းတွင် တန်ချိန်(၈၈၇)တန် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂(မီနီ ဘတ်ဂျက်) (၆)လအတွင်းတွင် တင်ပို့ခဲ့သည့်တန်ချိန်(၇၉၈)ထက် တန်ချိန်(၉၀)ခန့် ပိုမို တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

ပြီးခဲ့သည့်၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် တင်ပို့ခဲ့သည့်ပမာဏမှာ တန်ချိန်(၁၆)ခန့် သာရှိခဲ့သဖြင့် ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တန်ချိန်များစွာ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

Border Trade News

Pages