အမျိုးသားရေးအမြင်နဲ့ဆောင်ရွက်ရန်လို

Fri, 05/10/2013 - 08:18 -- admin

တနင်္လာနေ့ ၈ ဧပြီလ  ၂၀၁၃ 15 : 03  PM

ယခုအခါ စိုက်ပိုျးရေး သွင်းအားစု ဓာတ်မြေသြဇာ နဲ့ပိုးသတ် ဆေးများအရည် အသွေးမပြည့်မီမှု၊ အတု အပပြုလုပ်မှု၊ သက်တမ်း လွန်မှု များကြောင့် တောင်သူများ အခက်အခဲနဲ့ ကြုံတွေ့နေရ ခြင်းနဲ့ စပ်လျဉ်းပြီး အရောင်းဆိုင် တွေအနေနဲ့ အမိုျးသား ရေးအမြင်နဲ့ လာရောက် ချပေးတဲ့ ပစ္စည်း တွေဟာ မှတ်ပုံတင် ထားခြင်း ရှိမရှိ၊Life ရှိမရှိအား Expirary Date များကို စစ်ဆေးပြီးမှ လက်ခံ ရောင်းပေး သင့်ပါတယ်။ တောင်သူ တွေကို လျင်လျင် မြန်မြန် စီးပွား ဖြစ်စေ၊ အောင်မြင် စေရန် ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ရောင်းချသူ၊ သုံးစွဲသူများ အားလုံး စည်းနဲ့ ကမ်းနဲ့ လိုက်နာ လုပ်ဆောင် ကြဖို့ လိုတယ်လို့ အသိပေး လိုပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

သံသယ ဖြစ်ဖွယ် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စာရင်းများ ပေါ်ထွက် လာတဲ့ အခါမှာ တော့ တောင် သူတွေ သုံးစွဲမှု ရပ်သွားတဲ့ အတွက် ကုန်သည်၊ ဖြန့်ဖြူးသူ၊ ဆိုင်ပိုင်ရှင် အရောင်းအဝယ် တွေခေတ္တဆိုင်းငံ့ သွားကြပါတယ်။ ဒီလို သတင်း ထုတ်ပြန်ခြင်းဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်မှု ကိုရှိလာ နိုင်စေမှာ ဖြစ်ပါတယ်၊ တရားဝင် တင်သွင်းသူ ကလည်း အာမခံ ရှိရှိနဲ့ သွင်းနိုင်သလို တရားမဝင် တင်သွင်းသူ တွေလည်း ရပ်တန့် သွားကြမှာ ဖြစ်ပါတယ်။

အခို့ျတောင်သူများ ကလည်း အရည်အသွေး မကောင်းမှန်း သိပေမဲ့ အကြွေး ရလို့ သုံးကြ တာမိုျး တွေ ကတော့ မိအေး ၂ ခါမဟုတ်ဘူး ၃ ခါနာတယ်လို့ ထောက်ပြမှု ကိုကြားသိခဲ့ ရပါတယ်။ '' သီးနံှအထွက ်ထိခိုက် ခြင်း၊ အရည်အသွေး မကောင်းခြင်း၊ သီးနံှပျက်စီး မှုရှိခြင်း''၊ '' မကောင်းမှန်း သိရဲ့နဲ့ သုံးရခြင်း'' '' တစ်ရာသီစာ အချိန် ဆိုတာ ဆုံးရှုံးသွား ရခြင်း'' ဆိုပြီး ၃ ခါနာ သွားရတာ တို့ဘဲဖြစ်ပါတယ်။

နယ်စပ်က တရားမဝင် ဝင်လာတဲ့ ပစ္စည်းတွေမှာ နိုင်ငံတကာ မှာတားမြစ်ထား တဲ့လူကို အန္တရာယ် ဖြစ်စေ တာပါနေ ပါတယ်။ တရုတ်စာ နဲ့ရိုက်ထား တဲ့အတွက် မဖတ်တက်ပါ၊ ဘာအတွက် ဘယ်လို သုံးရမယ်၊ ဘယ်လို အခိုျးအဆနဲ့ ရေရော ရမယ်ဆိုတာ တွေမပါ ပါဘူး၊ အရုပ်ကို ကြည့်ပြီး ယူဆသုံးစွဲ နေရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကတားမြစ် ထားတာကို မြန်မာပြည် ကိုဝင်လာပြီး ဈေးပေါပေါနဲ့ ရောင်းနေကြ တာဖြစ်ပါတယ်။ ထိုင်း၊ တရုတ်နဲ့အိန္ဒိယ နယ်စပ်များမှ တရားမဝင် ဝင်လာတာ တွေများပါတယ်။ ပိုးသတ်ဆေး ကတော့စား သုံးသူရော ကိုင်တွယ် အသုံးပြု သူများပါအ န္တရာယ် ရှိပါတယ်။ ယခုလို NGO အဖွဲ့အ စည်းများနဲ့ အစိုးရ တို့ပူးပေါင်း ရပ်တည် ဆောင်ရွက် နိုင်တာနဲ့ အမျှ မဟုတ်မမှန် ဖြန့်ဖြူး ရောင်းချသူ၊ အရည်အ သွေးမမှန် တာတွေ ပြည်ပ ကတင်သွင်း လာတာ တွေရပ်တန့် လာမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ လယ်သမား တွေရဲ့ ကုန်ထုတ် လုပ်ငန်း တွေ ဝိုင်းဝန်း ဖြည့် ဆည်းဆောင် ရွက်ပေးနိုင် တော့မယ်လို့ စိုက်ပိုျး ရေးဦးစီးဌာန Plant Protection ဌာနက ညွှန်ကြားရေးမှူး ဦးတင်စိုးက မတ်လ ၃ဝ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ဂန္ဓမာ