နှလုံးထိခိုက်ခြင်းရောဂါ ( Heart Attacks ) ကြိုတင်ကာကွယ်ပါ

Fri, 05/10/2013 - 08:20 -- admin

အင်္ဂါနေ့ ၂၃ ဧပြီလ  ၂၀၁၃ 15 :25  PM

အမေရိကန်နိုင်ငံတွင် နှစ်စဉ် လူဦးရေ တစ်သန်းကျော်ခန့် နှလုံးထိခိုက် ခြင်းရောဂါ (Heart Attacks ) ခံစားနေကြရတယ် လို့သိရပါတယ်။ နှလုံးထိခိုက် ခြင်းရောဂါ (Heart Attacks) သို့မဟုတ် နှလုံးသွေးကြော ပုပ်ရောဂါ (Myocardial Infarction) ဟာအသက်ကြီး လာတာနဲ့အမျှ သွေးကြော နံရံများ ပျက်စီးလာပြီး အဆီများနဲ့ ပိတ်ဆို့ လာနိုင်ကာ နှလုံးသို့ သွေးသွား လာမှုလျော့ နည်းခြင်း၊ ပြတ်တောက် ခြင်းကြောင့် နှလုံးကြွက်သား များအ လုပ်မလုပ် နိုင်ခြင်း၊ နှလုံးကြွက်သားများ ပုပ်သွားခြင်း တို့ကြောင့် ဖြစ်ပါတယ်။ နှလုံးကို ကြွက်သားများဖြင့် တည်ဆောက် ထားတဲ့ အတွက် လုံလောက်တဲ့ သွေးနဲ့ အောက်ဆီဂျင်တို့ ရရှိရန် လိုအပ် ပါတယ်။ ယနေ့ကမ္ဘာ ပေါ်မှာ နှလုံးသွေး ကြောပိတ်ခြင်း (Coronary Artery Disease)၊ နှလုံးသွေးကြောကျဉ်းခြင်း (Ischemia)၊ နှလုံးကြွက်သား ပုပ်ခြင်း (Myocardial Infarction)တို့ကြောင့် နှလုံး ထိခိုက်ခြင်း (Heart Attacks) ရသဖြင့် တစ်မိနစ်ကို တစ်ယောက်နှုန်း သေဆုံးလျက် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ခုျပ် (WHO) ကထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ၎င်းရောဂါဟာ ကြိုတင ်ကာကွယ် နိုင်တဲ့ ရောဂါ လည်းဖြစ် ပါတယ်။

ရောဂါ လက္ခဏာ များမှာ သွေးကြော ပိတ်ဆို့မှု နေရာနဲ့ ပမာဏ ပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ ရင်ဘတ် အောင့်ခြင်း၊ ရင်ဘတ် နာခြင်း၊ ရင်ဘတ် ထဲတွင် ဆွဲညှစ်ဖိထား သကဲ့သို့ဖြစ်ခြင်း ၊ ရင်ဘတ် ၊ လည်ပင်း ၊ မေးစေ့ ၊လက်မောင်း တစ်လျှောက် ၊ ပခုံးနှင့် ကျောဘက် အောင့်ခြင်း နာခြင်း၊ ပျို့အန် လာခြင်း၊ ခေါင်းထဲတွင် မူးဝေ လာခြင်း၊ ချွေးစေးများ ထွက်ပြီး အေးစက် လာခြင်းတို့ တွေ့ရပါတယ်။ (Heart Attacks) ရပါက အချိန်နှင့် အမျှ အရေးကြီး တဲ့အတွက် နီးစပ်ရာ နှလုံးရောဂါ ကုသနိုင်တဲ့ ဆေးရုံကို အမြန်ဆုံး သွားရောက် ကုသရန် လိုအပ် ကြောင်းအထွေ ထွေရောဂါ ကုသမားတော်ကြီး ဒေါက်တာ စောအောင်က အကြံပြု ပြောကြား ခဲ့ပါတယ်။ နှလုံးကြွက် သားများ လုံလောက်တဲ့ အောက်စီဂျင် မရရှိပါက ပြန်လည်အ စားထိုးမရနိုင်တဲ့နှလုံးကြွက်သားပုပ်ခင်းဖြစ်ပြီးအသက်ဆုံးရှုံးစေနိုင်ကာင်းလည်း သိရှိရ ပါတယ်။ ပိတ်နေတဲ့ သွးကြော ကိုအမြန်ဆုံး ပွင့်သွားအောင် လုပ်နိုင်ရန် အရေးကြီး တယ်လို့ လည်း ပြောပြပါတယ်။ ရောဂါမဖြစ်အာင် အောက်ပါအတိုင်း ကြိုတင် ကာကွယ်  နေထိုင်သွားရမှာ ဖြစ်ပါတယ်။ ဆေးလိပ် သောက်ခြင်းမှ ရှောင်ရန်၊ သွေးတိုး ရောဂါရှိပါက သွေးပေါင်ချိန် ပုံမှန်ထိန်း ထားရန်၊ အဆီအ ဆိမ့်များသော၊ အခိုျများသော၊ အငန်များသော အစားအ သောက်များ ရှောင်ရန်၊ သွေးထဲရှိ အဆီဓါတ် (Cholesterol) ပုံမှန် စစ်ဆေးရန်၊ ပုံမှန် လေ့ကျင်ခန်း ကိုတစ်နေ့လျှင် အနည်းဆုံး နာရီဝက်ခန့် ပြုလုပ်ရန်၊ မိမိခန္ဓာကိုယ် အလေးချိန် ကိုစံနှုန်း အတွင်းရှိ ဖို့ထိန်းထားရန်၊ ဆီးခိုျ သွေးခိုျ ရောဂါပုံမှန် စစ်ဆေးကု သထားရန်၊ စိုးရိမ်ပူပန်မှု (Stress) လျော့ချရန်၊ ကျွမ်းကျင် တဲ့ဆရာဝန် များနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရန်၊ ဆရာဝန် မှညွှန်ကြား ထားသော ဆေးများကို မိမိ သဘော နဲ့ရပ်လိုက်ခြင်းမပြုရန်၊ ကျန်းမာ သောနေထိုင် စားသောက်မှုပုံစံ (Healthy Life Style) နဲ့ နေထိုင် ခြင်းအားဖြင့် ကျန်းမာအသက်ရှည် ရောဂါကင်းဝေး ကြစေမှာ ဖြစ်ကြောင်း အသိပေး လိုက်ရပါတယ်။

Source : Health News                        အေးအေးမြ