သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့်ကောက်ခံရန် ကာလတိုးမြှင့်သတ်မှတ်ခြင်း

Wed, 03/10/2021 - 06:59 -- eiprdep

သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့်  ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၀ဖြင့်လည်းကောင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၁၃/၂၀၂၁ အထိလည်းကောင်း ထပ်မံ၍ ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ယခု ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

 

အမိန့်ကြော်ငြစာအမှတ်၊ ၂၀/၂၀၂၁

နှစ်အလိုက်အမိန့်ကြော်ငြာစာများ