နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ကုန်သွယ်ခွင့်ပြုခြင်း

Fri, 07/08/2016 - 03:46 -- eiprdep

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရ လည်းကောင်း၊ လက်ရှိပြောင်းလဲလာသော စီးပွားရေး အခြေအနေများအရ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ၊ စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်လိုသူများ များပြားလာမှုအရ လည်းကောင်း၊ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေး ပိုမိုကောင်းမွန်သော ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများကို ဤအမိန့်ကြော်ငြာစာဖြင့် ကုန်သွယ်ခွင့် ပြုလိုက်သည်။

နှစ်အလိုက်အမိန့်ကြော်ငြာစာများ