နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ Generalized System of Preferences (GSP) ပေးအပ်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ Park Royal Hotel ၌ သြဂုတ် ၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားရာတွင် အစိုးရသစ်လက်ထက်တွင် စီး ပွားရေးနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များကို အဆင့်ဆင့်ဖြေလျော့ပေးလျက် ရှိကြောင်း၊ ယင်းကဲ့သို့ဖြေလျော့ပေးမှုများကြောင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆိုင်ရာအခွင့်အလမ်းများလည်းတိုးပွား လျက်ရှိကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံး GSP ပေး သည့်အတွက် များစွာဝမ်းမြောက်မိပါ ကြောင်း၊ ယင်းကဲ့သို့ GSP ပေးအပ်သည့်အတွက် မြန်မာ့ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် နော်ဝေနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ရာ၌ များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုဆွေး နွေးပွဲမှ ရရှိလာသည့်အခွင့်အလမ်းများ ကို ပို့ကုန်လုပ်ငန်းရှင်များ၊ တာဝန်ရှိသူ များအနေဖြင့် အပြည့်အဝ ရယူနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း စသည် ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဘန်ကောက်အခြေစိုက် နော်ဝေနိုင်ငံသံရုံးမှ စစ်သံမှူး Mr. Erik SVEDAHL က ပြောကြားရာတွင် နော်ဝေနိုင်ငံ အနေဖြင့် GSP ကို ပေးအပ်ရခြင်းမှာ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား နော်ဝေနိုင်ငံတွင်းသို့ ဦးစွာဈေးကွက် ရှာဖွေနိုင်ရန် အတွက်ပင် ဖြစ်ကြောင်း၊ မြန်မာ့ကုန်ပစ္စည်းများကို နော်ဝေနိုင်ငံ သို့ လွတ်လပ်စွာတင်ပို့ခွင့်ရနိုင်ကြောင်း၊ နော်ဝေနိုင်ငံကို တင်ပို့ရာတွင် GSP ရသည့်အတွက် တခြားနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ် နှံကြမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ရင်းနှီး မြှုပ်နှံကြခြင်းဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများ ပြားလာနိုင်ကြောင်း၊ အထူးသဖြင့်အမျိုး သမီးများအတွက် အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိလာနိုင်ကြောင်း စသည်ဖြင့်ပြော ကြားခဲ့သည်။
ထို့နောက်ကို GSP နှင့် ပတ်သက်၍ နော်ဝေနိုင်ငံ Norwegian Director- ate of Customs and Excise မှAssistant Director Cecile G. Alnes နှင့် Senior adviser Susann Nilsen တို့က Generalized System of Preferences (GSP) နှင့်ပတ်သက် သည့်အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
မယ်သီတာ