ဟုမ်မလီဆန်မွှေးကို လေလံတင်ရောင်းချသွားမည့်ထိုင်းအစိုးရ

Wed, 10/05/2011 - 11:13 -- Anonymous (not verified)

ထိုင်းအစိုးရက စပါးပေါင်နှံခြင်းစီမံကိန်းအသစ်အရ အသစ်ရိတ်သိမ်းပြီးတဲ့ ဆန်မွှေး တန်ချိန် ၄၀၀၀၀ ကို  လေလံတင်ရောင်းချသွားကာ ဈေး ကွက်ရဲ့ တုံ့ပြန်မှုနဲ့ ဈေးနှုန်းကို စမ်းသပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
၎င်းင်းအစီအစဉ်အရ ကုန်သွယ်ရေးဝန်ကြီးရဲ့ သဘောတူညီချက်လက်မှတ်လိုအပ်ကြောင်းနဲ့ အရည်အသွေး မြင့်ဆန် ဈေးကွက်ကို စိတ်ဝင်စား လာစေဖို့ ရည်ရွယ်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Manat Soiploy  ကပြောကြားလိုက်တယ်။
၁၀၀ ရာခိုင်နှုန်း ဟုန်မလီဆန်မွှေးကို အာမခံဈေးနှုန်းတစ်တန်မှာ ဘတ် ၂၀၀၀၀ ကိုအခြေခံပြီး ကြိတ်ခွဲ စရိတ်နဲ့ ထုတ်ပိုးခြင်း ကုန်ကျစရိတ်တွေ ထည့်ပေါင်းကာ  ဆန်တန်ချိန် ၃၀၀၀၀ မှ ၄၀၀၀၀ ကြားကို FOB ဈေးနှုန်းနဲ့ လေလံဆွဲသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ စပါးပေါင်နှံခြင်း စီမံချက်ကို အောက်တိုဘာလ ၇ ရက်နေ့မှာစတင်မှာဖြစ်ပြီး ဘတ်ဂျတ် ဘတ် ၄၅၀ သန်းသုံးစွဲဖို့ ရည်မှန်းထားခဲ့ရာမှ