သဘောၤသားများအတွက် ကားတင်သွင်း ခွင့်နဲ့ပတ်သက်လို့ ကုန်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနမှာ ပါမစ်လျှောက်ထားမှု အခြေအနေကို ကောမတ်စ် က လေ့လာစုံစမ်းခဲ့ရာမှာ တာဝန် ရှိသူတစ်ဦးက ''ကျွန်တော်တို့ဌာနကို သက်ဆိုင်ရာ စိစစ်ထောက်ခံပေးတဲ့အဖွဲ့က အမည် စာရင်းတွေ ပို့ထားတာရှိပါတယ်။ ၇-၁၂-၂၀၁၁ နေ့က ၂၇၄ ဦး၊ ၁၉-၁၂-၂၀၁၁ မှာ ၄၀၈ ဦးနဲ့ ၂၁-၁၂-၂၀၁၁ မှာ ၃၁၃ ဦးဆိုတော့ စုစုပေါင်း ၉၉၅ ဦးပါ။ လျာထားချက်က ၃၀၀၀ ပါ။ ၂၇-၁-၂၀၁၂ (သောကြာ)နေ့ထိ ၁၃၂ ဦးပဲ ပါမစ် လာလျှောက်လို့ ထုတ်ပေးပြီးပါပြီ ကျွန်တော်တို့ ဆီမှာတော့ ဒီစာရင်းပဲရှိပါတယ်'' လို့ ပြောပါတယ်။
ကြည်သန်းမောင်