ဗြိတိန်နှင့်အိန္ဒိယတို့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်လျက်ရှိ

Mon, 01/16/2023 - 08:29 -- Dotbilateral

        ဗြိတိန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆဋ္ဌမအကြိမ်မြောက် တရားဝင်ဆွေးနွေးညှိနှိုင်းမှုများ သည် ဗြိတိန်နိုင်ငံ၏ ပြည်နယ်အတွင်းရေးမှူး Badenoch ရောက်ရှိလာချိန်၌ စတင်ခဲ့သည်။ တရားဝင်ထုတ်ပြန်ကြေငြာချက်တစ်ခုအရ ဆဋ္ဌမအကြိမ်မြောက် တရားဝင်ဆွေနွေးညှိနှိုင်းမှုများ၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန်နှင့် နှစ်နိုင်ငံဘက်စုံ ကုန်သွယ်မှု သဘောတူညီချက်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရန် ဖြစ်သည်။ ဆွေးနွေးပွဲ မတိုင်ခင် ဗြိတိန်ပြည်နယ်အတွင်းရေးမှုး Badenoch မှ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ပြီး ဆွေးနွေးမှုများကို တပတ်လုံးလုပ်ဆောင် သွားမည်ဖြစ်သည်။

           ဗြိတိန်နှင့်အိန္ဒိယနိုင်ငံအကြား ယနေ့ခေတ် ကုန်သွယ်ရေးဆိုင်ရာဆက်နွယ်မှု ပိုမိုကောင်းမွန် လာစေရန် ဗြိတိန်ပြည်နယ်အတွင်း‌ရေးမှူးသည် စီးပွားရေးအလုပ်အမှုဆောင်အဖွဲ့များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် စက္ကူနှင့်ထုပ်ပိုးမှုထုတ်ကုန်များ ထုတ်လုပ်သည့်စက်ရုံတစ်ခု တည် ဆောက်ရန် အတွက်အိန္ဒိယနိုင်ငံတွင် ယူရို10 သန်းကျော်ရင်းနှီးမြှုပ်နှံထားသော ဗြိတိန် စီးပွားရေး လုပ်ငန်း တစ်ခုဖြစ်သည့် envoPAPနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

         ဇူလိုင်လမှစတင်ခဲ့သည့် ပထမအကြိမ် တရားဝင်ညှိနှိုင်းဆွေးနွေးမှုသည်  အကောက်ခွန် လျှော့ချ ရန်နှင့်ဘဏ္ဍာရေးနှင့် ဥပဒေရေးရာကဲ့သို့သော ဗြိတိန်ဝန်ဆောင်မှုများအတွက် အခွင့်အလမ်းများ တိုးမြှင့်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ထိုသို့ဆောင်ရွက်ချက်သည် ၂၀၅၀ ခုနှစ်၌လူလတ်တန်းစား သန်း ၂၅၀ အထိရှိလာမည့် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေး ဈေးကွက် (အိန္ဒိယနိုင်ငံ) တွင် ရောင်းဝယ်မှုများဆောင်ရွက်မည့် ဗြိတိန်ကုမ္ပဏီများအတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

         ဗြိတိန်ပြည်နယ်အတွင်းရေးမှူးသည် ဗြိတိန်-အိန္ဒိယ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု ခြောက် ကြိမ်မြောက်ကို ဆောင်ရွက်ရန်အတွက် နယူးဒေလီမြို့တွင် ရောက်ရှိနေပြီး ဤသဘော တူညီချက် အပေါ် လုပ်ငန်းများဆောက်ရွက်မှုတိုးတက်စေရန် ၎င်း၏တွဲဖက် အိန္ဒိယနိုင်ငံဝန်ကြီး Goyal နှင့် လူချင်းတွေ့ဆုံ၍ တွန်းအားပေးသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။  အိန္ဒိယနိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် ၅ ခုမြောက်နှင့် ၆ ခုမြောက် စီးပွားရေးအကြီးဆုံးနိုင်ငံများဖြစ်သည်။

        Pret A Manger၊ Revolutနှင့် Tide ကဲ့သို့သော ဗြိတိန်စီးပွားရေးလုပ်ငန်းများသည်လည်း အိန္ဒိယနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် အစီအစဉ်ရှိကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဗြိတိန်ကော်ဖီနှင့်အသားညှပ်ပေါင်မုန့်ဆိုင် Pretသည် အိန္ဒိယနိုင်ငံ၊Reliance Brands ကုမ္ပဏီနှင့် သဘောတူညီချက်အရ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံတွင် ပထမဆုံးဆိုင်ခွဲကို  တည်ဆောက် သွားမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ Pretစားသောက်ဆိုင်သည် အိန္ဒိယ တစ်နိုင်ငံလုံးတွင် ဆိုင်ခွဲပေါင်း 100 ဖွင့်လှစ်ရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပထမဆုံးဆိုင်ခွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ် သွားမည်ဖြစ်သည်။

         ဗြိတိန်-အိန္ဒိယ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်မှာ စီးပွားရေးလုပ်ငန်းများ အတွက် ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက်တည်ရှိနေကြောင်း ဗြိတိန်နိုင်ငံရှိ Confederation   of British Industry ကုမ္ပဏီ၏ အပြည်ပြည်ဆိုင်ရာညွှန်ကြားရေးမှူး Andy Burwell က ပြောကြားခဲ့သည်။

     ဝန်ကြီးချုပ်ဟောင်း Liz Truss နှင့် Boris Johnson တို့၏ နုတ်ထွက်မှုများကြောင့် အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည်၎င်းတို့၏နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ် (FTA) ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါ။ အိန္ဒိယ-ဗြိတိန် လွတ်လပ်သောကုန်သွယ်ရေးသဘောတူ စာချုပ် (FTA) အတွက် ပဉ္စမအကြိမ် ညှိနှိုင်းဆွေးနွေး ပွဲသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က ပြီးဆုံးခဲ့သည်။

International Trade News

Pages