မြန်မာနဲ့ကုန်သွယ်မှုကို အိန္ဒိယကနှစ်ဆတိုးမြှင့်လို

Wed, 10/05/2011 - 11:13 -- Anonymous (not verified)

အိန္ဒိယ-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူစာချုပ်ကို အရှိန်မြှင့်တဲ့အနေနဲ့ မြန်မာနဲ့ကူးသန်း ရောင်းဝယ်မှုကို အိန္ဒိယကနှစ်ဆတိုးမြှင့်လိုတဲ့အပြင် လယ်ယာစိုက်ပျိုးရေးသုတေသန ၊ သဘာဝဓါတ်ငွေ့စူးစမ်း ရှာဖွေရေးမှာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုကို အမျိုးမျိုးတိုးတက်ဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံ၊ အသား၊ ထုတ်ကုန်ပစ္စည်း၊ သစ်နဲ့ ဆေးဝါးအပါအဝင် အိန္ဒိ-မြန်မာကုန်သွယ်မှုက လောလောဆယ်မှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးသာရှိနေပါတယ်။
၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်သွားဖို့ ကျွန်တော်အဆိုပြုခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့လို့ ပါတယ် ဟု မြန်မာနိုင်ငံ စီးပွားရေနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ နယူးဒေလီမှာ ကျင်းပတဲ့ ပူးတွဲကုန်သွယ်ကော်မရှင်းအစည်းအဝေးမှာ အိန္ဒိယစီးပွားရေး^ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး အာနန်ရှားမားက ပြောပါ တယ်။
နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း အသိုက်အဝန်းက အခွန်လွတ်အကောက်ခွန်ဦးစားပေး အစီအစဉ် ( Duty Free Tariff Preference Scheme )  နဲ့ အာဆီယံ FTA   တို့ကို နှစ်နိုင်ငံကုန်သွယ်မှုကို အမျိုးမျိုးပွားများဆောင်ရွက်ဖို့ အတွက် အသုံးပြုသင့်တယ်လို့ ရှားမားကပြောပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် FTA  ကို