ဗီယက်နမ် ငရုတ်ကောင်းဈေးနှုန်းစံချိန်တင်မြင့်တက်

Fri, 09/16/2011 - 07:15 -- Anonymous (not verified)

ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့ဈေးဟာ ယခင်လက တစ်ကီလိုဒေါင် ၄၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၂) ရှိခဲ့ရာမှ လက်ရှိ ကာလမှ ဒေါင် ၁၄၀၀၀၀ (ကန်ဒေါ်လာ ၆ ဒသမ ၇၂)ထိ စံချိန်တင်မြင့်တက်တယ်လို့ ဗီယက်နမ် ငရုတ်ကောင်း အသင်း VPA  က ပြောကြားပါတယ်။ ယခုအချိန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်အုံးမယ်လို့လည်း လုပ်ငန်းရှင်များက ပြောကြား ပါတယ်။