ရော်ဘာကောင်စီမှ တင်ပို့ခွန်စည်းကြပ်ရန် စီစဉ်

Tue, 02/14/2012 - 05:48 -- Anonymous (not verified)

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရမှ ပြည်တွင်းရော်ဘာကုန်ချောထုတ်လုပ်သည့် လုပ် ငန်းကို အထောက်အကူဖြစ်ရေးအတွက် ရော်ဘာတင်ပို့မှုအပေါ် တင်ပို့ခွန် စည်းကြပ်ရန် စီစဉ်နေမှုကို ရော်ဘာထုတ်လုပ်သူများက ဆန့်ကျင် လျှက်ရှိသည် ။ ပြည်တွင်း ရော်ဘာ လုပ်ငန်းတွင် ပါဝင်သူများကမူ တင်ပို့ခွန် စည်းကြမ်မည့်အစား အကျဖက်ဖြစ်နေသော ရော်ဘာအခြေခံ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်စေမည့် အခွန်အခမက်လုံးများ ဖြင့် အကူ အညီပေးလျှင် ပို၍ကောင်းမည် မျှော်လင့်ကြခြင်းဖြစ်သည်။ တာယာထုတ်လုပ် ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်တက်စေရန် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများနှင့် အရင်းအနှီးပစ္စည်းများ တင်သွင်းမှုအပေါ် တွင် တင်သွင်းခွန် ဖယ်ရှားပေး နိုင်ကြောင်းထောက်ပြခဲ့ပါသည်။ အပြီးအစီးကုန်ချောထုတ်ကုန်များတွင် ကာဗွန်၊ ဆီလီကာနှင့် အထူးသဖြင့် ဓါတုရော်ဘာအတွက် လိုအပ်သော စတီးဖိုင်ဘာ၊ နိုင်လွန်၊ ဝိုင်ယာကဲ့သို့ ကုန်ကြမ်း